ယင်းမာပင်မြို့နယ်တွင် အင်အား ၃.၆ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
May 24, 2020
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အင်အား ၃.၆ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
မေ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၁ နာရီ၊ ၂၁ မိနစ်၊ ၅၃ စက္ကန့် အချိန်က ဟားခါးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၇၅ မိုင်ခန့်ကွာဝေးတဲ့ ယင်းမာပင်မြို့ရဲ့ အနောက်မြောက်ဘက် ၁၇ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၁၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၆၅ ဒီဂရီ၊ အနက် ၉၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။