DVB Logo
Home
မြန်မာသတင်း
အမေရိကန်အခြေချ ကရင်နီ ၂ ဦး ဓားထိုးခံရပြီး သေဆုံး
DVB
·
May 2, 2013
Donate to DVB

အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖိုးနစ်စ်မြို့မှာ ကရင်နီအမျိုးသားတဦးရဲ့ အသုဘအခမ်းအနားမှာ ဝတ်ပြု ဆုတောင်းနေကြတဲ့ လူအုပ်ထဲက ၂ ဦး ဓားထိုးခံရပြီး သေဆုံးသွားပါတယ်။

ဧပြီ ၂၇ ရက် ညနေမှာ ကရင်နီအမျိုးသား အယောက် ၄၀ ခန့်က မိမိတို့ ရိုးရာ ယဉ်ကျေးမှုအရ ကျောက်ကပ်ရောဂါနဲ့ သေဆုံးသွားခဲ့တဲ့ အသက် ၄၈ နှစ်အရွယ် ခူးစိုင်းလောင်ရဲ့ အသုဘအခမ်းအနားကို သူနေတဲ့ Central Phoenix Apartment မှာ ပြုလုပ်နေတုန်း အပြင်ဘက်မှ အုပ်စုလိုက်ရန်ဖြစ်ပြီး Apartment ထဲအထိ ပြေးပုန်းတာတွေ ဖြစ်ပြီး အခုလို ဖြစ်ခဲ့တာလို့ အခင်းဖြစ်ပွားတဲ့နေရာမှာ ရှိနေခဲ့တဲ့ ခူးဖရေရယ်က အခု လို ပြောပါတယ်။

"ကရင်ကလေး ၃ ယောက် မက်ဆီကန်လား၊ စပိန်တွေလားတော့ မသိဘူး။ လမ်းမှာ သူတို့နဲ့ ရန်ဖြစ်ကြတယ်။ ပြီးတော့ ကရင်လေး ၃ ယောက်က ကျနော်တို့ရှိတဲ့နေရာကို အော်ပြီး ပြေးလာတယ်။ အထဲမှာရှိနေတဲ့ အသုဘအတွက် လူငယ်တွေ သီချင်းဆိုပေးနေကြတုန်း ဘယ်သူဝင်လာလဲဆိုပြီး ထွက်ကြည့်ကြတာ။ ထွက်ကြည့်မိတော့ လူ ၅ ယောက်ရှိတယ်၊ သူတို့လိုက်ရန်ဖြစ်တဲ့သူတွေကို မမှတ်မိတော့ဘူးလို့ ယူဆတာပဲ။ အပြင်ဘက်မှာ မိန်းကလေး ၂ ယောက်နဲ့ ယောက်ျားလေး ၃ သုံးယောက်က ၀ိုင်းပြီး ထွက်ကြည့်တဲ့ ကျနော်တို့လူကို ထိုးကြိတ်ကြပြီး ကျနော်တို့ လူ ၂ ယောက်က သေသွားတယ်" လို့ပြောပါတယ်။

သေဆုံးသွားသူတွေက အသက် ၂၃ နှစ်အရွယ် ခူးကေးဖိုးနဲ့ အသက် ၄၆ နှစ်အရွယ် ခူးခါးရယ်တို့ ဖြစ်ကြပါတယ်။ ဓားထိုးမှု ဖြစ်ပွားပြီးနောက် အသုဘလာသူ ကရင်နီအမျိုးသား ၄၀ ဦးကို ရဲတွေက ခေတ္တထိန်းသိမ်း စုံစမ်းမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013