အိုင်အယ်လ်အို ညီလာခံတက်ဖို့ ဒေါ်သန်းသန်းဌေးကို ရွေးချယ်
DVB
·
May 2, 2013
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်(အိုင်အယ်လ်အို) ညီလာခံ တက်ရောက်ဖို့ မြန်မာနိုင်ငံ အလုပ်သမားကိုယ်စားလှယ် အဖြစ် ဒေါ်သန်းသန်းဌေးကို ဧပြီ ၃၀ ရက်နေ့က ကျင်းပတဲ့ အလုပ်သမားအဖွဲ့ခေါင်းဆောင်များ ဖိုရမ်ကနေ မဲပေး ရွေးချယ်လိုက်ကြပါတယ်။
ရွေးချယ်ခံရတဲ့ ဒေါ်သန်းသန်းဌေးဟာ ကံမမြို့နယ် တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးအခြေခံ အလုပ်သမားအဖွဲ့က ဖြစ်ပါတယ်။ ဒါ့အပြင် ညီလာခံ တက်ရောက်ဖို့ အကြံပေးသူတွေအဖြစ် ခရမ်းမြို့နယ်က ဦးသန်းဆွေ၊ ရန်ကုန်တက္ကသိုလ် ဆရာနဲ့ ဆရာမများအဖွဲ့က ဒေါက်တာစိုင်းခိုင်မျိုးထွန်းတို့ကိုလည်း မဲပေး ရွေးချယ်လိုက်ပါတယ်။
ညီလာခံကို စေလွှတ်မယ့် အလုပ်သမားကိုယ်စားလှယ်အတွက် ကုန်ကျစရိတ်ကို အစိုးရက တာဝန်ယူရမှာဖြစ်ပြီး အလုပ်သမားအကြံပေး ၂ ယောက်အတွက် Friedrich Ebert ဖောင်ဒေးရှင်း(အက်ဖ်အီးဖက်) က တာဝန်ယူမှာ ဖြစ်ပါတယ်။