A d v e r t i s e m e n t With Us

မြဝတီရောက် အလုပ်သမားများ ရောဂါပိုးတွေ့ရှိပါက ဝေဘာဂီဆေးရုံ လွှဲပြောင်းကုသမည်

ထိုင်းနိုင်ငံကနေ မြဝတီနယ်စပ်ကို ဖြတ်ကျော်ပြီး ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာရွှေပြောင်းအလုပ်သမားတွေ COVID-19 ရောဂါပိုးတွေ့ရှိပါက ကျန်းမာရေး ပြုစုစောင့်ရှောက်မှု အကောင်းဆုံးပေးနိုင်ပြီး လုံခြုံစိတ်ချရတဲ့ ဝေဘာဂီဆေးရုံကြီးကို လွှဲ​ပြောင်းကုသမှု ပေးသွားမယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။ “လက်ရှိစစ်ဆေးလိုက်လို့ Positive ဖြစ်တယ်ဆိုရင်တော့ ဝေဘာဂီကို တိုက်ရိုက်လွှဲပြောင်းမှာဖြစ်တယ်။ ပြီးရင် သူတို့ Contacts တွေကို ရှာဖွေပြီးတော့ COVID ရှိ၊ မရှိ စစ်ဆေးတဲ့ဟာတွေ လုပ်သွားမယ်”လို့ ပြောပါတယ်။ မြဝတီမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က "ထိုင်းကနေ အခုပြန်လည်ဝင်ရောက်လာတဲ့သူတွေကတော့ စိုးရိမ်စိတ်လွန်ကဲမှုတော့ မရှိပါဘူး။ ဒါတွေနဲ့ပတ်သက်ပြီးတော့ စစ်ဆေးမှုတွေကိုတော့ အဆင့်ဆင့်ဆောင်ရွက် သွားမှာဖြစ်တယ်" လို့ ပြောပါတယ်။ လှိုင်းဘွဲ့မြို့နယ်၊ တခွက်ဖိုးကျေးရွာနေ (ပြန်လည်ဝင်ရောက်လာသူ) နန်းချယ်ရီစိုးက “ရောဂါကူးမှာတော့ စိုးရိမ်တော့ စိုးရိမ်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမှာပေါ့။ ရွာပြန်လည်း ကာကွယ်ရမှာပဲ။ ပေါ့ဆနေလို့ မရဘူး” လို့ ပြောပါတယ်။ မေ ၂၃ ရက်နေ့က နှစ်နိုင်ငံသဘောတူ ညှိနှိုင်းမှုအရ ​ပြန်လည်ဝင်ရောက်လာသူ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော်နဲ့ သီးခြား ပြန်လည်ဝင်ရောက်လာသူ ၁၀၀ ကျော် ရှိပါတယ်။ ​မြန်မာနိုင်ငံသား ရွေ့ပြောင်းအလုပ်သမားတွေကို ကိုယ်ပူချိန်တိုင်းတာ၊ Thermal Scan စက်တွေနဲ့ စစ်ဆေးတာတွေ ဆောင်ရွက်ပေးပြီး မြဝတီမြို့ Quarantine စခန်းတွေမှာ ၂၁ ရက်ထားရှိပြီး စောင့်ကြည့်သွားမှာပါ။ ပြည်လည်ဝင်ရောက်လာသူတွေဟာ မွန်၊ ကရင်၊ ကယား၊ ရှမ်း၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ နေပြည်တော်၊ တနဿ်ရီ နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေကဖြစ်ပြီး ကရင်ပြည်နယ်အစိုးရ​က သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီးအစိုးရတွေ ချိတ်ဆက်ပြီး မော်တော်ယာဉ်တွေနဲ့ အခမဲ့ပို့ဆောင်ပေးသွားမှာပါ။ ပြန်လည်ဝင်ရောက်မယ့် မြန်မာနိုင်ငံသားတွေ ၃၃၀၀၀ ကျော် ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမား သံအရာရှိထံ စာရင်းပေးပို့ထားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ ၁ ရက်ကို လူဦးရေ ၂၅၀၀ အထိ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ စောင့်ရှောက်မှုပေးနိုင်ဖို့ စီစဥ်ဆောင်ရွက်ထားတယ်လို့ တာဝန်ရှိသူက ​ပြောပါတယ်။ ရဲမင်းခေါင်

A d v e r t i s e m e n t With Us

More News
Up