အမေရိကန်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဒသမ ၆ သန်းကျော်ရှိပြီ

အမေရိကန်နိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဒသမ ၆ သန်း ကျော်နဲ့ သေဆုံးသူ ၉၇၀၀၀ ကျော်သွားပြီလို့ သိရပါတယ်။ အမေရိကန် ဂွန်ဟော့ပ်ကင်းတက္ကသိုလ်စာရင်းအရ၊ နယူးယောက်ပြည်နယ်ဟာ အထိခိုက်ဆုံးဖြစ်ပြီး သေဆုံးသူ ၂၈၀၀၀ ကျော်ရှိလာနေပါတယ်။  နယူးယောက်ပြည်နယ်နောက်မှာ နယူးဂျာဆီပြည်နယ်က သေဆုံးသူ ၁ သောင်းကျော်နဲ့ ကပ်လိုက်နေပါတယ်။  တကမ္ဘာလုံး အတည်ပြုလူနာနဲ့ သေဆုံးသူ စာရင်းမှာ အမေရိကန်ပြည်ထောင်စုပြီးရင် ဘရာဇီးက ဒုတိယကပ်လိုက်နေပါတယ်။  ဘရာဇီးနိုင်ငံမှာတော့ အတည်ပြုလူနာဦးရေ ၃၃၀၀၀၀ ကျော် ရှိနေပြီး သေဆုံးသူကတော့ ၂၁၀၀၀ ကျော်လာနေပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ တတိယနေရာက ရုရှားမှာတော့ သောကြာနေ့ တနေ့တည်း အတည်ပြုလူနာ ၈၈၀၀ ကျော် တွေ့ခဲ့ပြီး၊ တနိုင်ငံလုံး အတည်ပြုလူနာတွေ့ရှိမှု ၃၂၆၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၂၀၀ ကျော်သွားပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up