ဟုမ္မလင်း၊ မော်လိုက်နှင့် ဂန့်ဂေါမြို့တို့တွင် မြေငလျင်လှုပ်
DVB
·
May 23, 2020
ဟုမ္မလင်းမြို့၊ မော်လိုက်မြို့နဲ့ ဂန့်ဂေါမြို့တို့မှာ အင်အားနည်းနည်းရှိတဲ့ မြေငလျင်အသီးသီး လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၈ နာရီကျော်လောက်က တမူးမြေငလျင်စခန်းကနေ အရှေ့မြောက်ဘက် ၄၈ မိုင် ခန့်ကွာဝေးတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ရဲ့ တောင်ဘက် ၁၅ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၄.၆၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၉၁ ဒီဂရီ၊ အနက် ၅၆ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၆ အဆင့်ရှိ အင်အားနည်းနည်းရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားပါတယ်။
မေ ၂၂ ရက်ည ၁၀ နာရီခွဲကျော်လောက်ကလည်း တမူးမြေငလျင်စခန်းကနေ တောင်-အရှေ့တောင်ဘက် ၆၂ မိုင် ခန့်ကွာဝေးတဲ့ စစ်ကိုင်းတိုင်း မော်လိုက်မြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၂၄ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၃၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၆၁ ဒီဂရီ၊ အနက် ၈၇ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အား နည်းနည်းရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားပါတယ်။
အလားတူ မေလ ၂၂ ရက်နေ့၊ ညနေ ၄ နာရီ ၁၈ မိနစ်လောက်ကလည်း ဟားခါးမြေငလျင်စခန်းကနေ အရှေ့တောင်ဘက် ၅၅ မိုင် ခန့်ကွာဝေးတဲ့ မကွေးတိုင်း ဂန့်ဂေါမြို့၏ အရှေ့-အရှေ့မြောက်ဘက် ၁၂ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၂၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၃၂ ဒီဂရီ၊ အနက် ၂၃ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်) တာစကေး ၃.၂ အဆင့်ရှိ အင်အား နည်းနည်းရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။