လူ ၁၀၀ ကျော်လိုက်ပါလာသည့် ပါကစ္စတန်ခရီးသည်တင်လေယာဉ် လူနေရပ်ကွက်ပေါ်ပျက်ကျ

လူပေါင်း ၁၀၇ ယောက် လိုက်ပါလာတဲ့ ပါကစ္စတန် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း PIA ပိုင်  လေယာဉ်  တစ်စီးဟာ မေလ  ၂၂  ရက်က   ကာရာချိမြို့ရှိ လေဆိပ်ကို  ဆင်းခါနီးမှာ လူနေရပ်ကွက် တစ်ခုပေါ် ပျက်ကျခဲ့ပါတယ်။ ခရီးသည်  ၉၉ ယောက်နဲ့ လေယာဉ် အမှုထမ်း  ၈ ယောက်လိုက်ပါလာတဲ့   အဲဘတ်စ်    A  320  လေယာဉ်ဟာ လာဟိုးမြို့ကနေ ပျံသန်းလာပြီး  ကရာချိ မြို့က    ဂျင်းနားအပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင်းမှာ ပျက်ကျခဲ့တာပါ။  လေယာဉ်ပျက်ကျပြီးနောက် အရေးပေါ် တုံ့ပြန်ရေး အဖွဲ့နဲ့  လုံခြုံရေး တပ်ဖွဲ့ဝင်တွေက  အရပ်ဘက် အဖွဲ့တွေနဲ့အတူ ရှာဖွေ ကယ်ဆယ်ရေး လုပ်ဆောင်နေတယ်လို့  ပါကစ္စတန် စစ်တပ် ကေ ပြာကြားပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ် အမ်မရမ်ခန်းကလည်း လေယာဉ် ပျက်ကျမှု သတင်းကြောင့်  တုန်လှုပ်ဝမ်းနည်းမိတယ်လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူ ကြေကွဲရပါတယ်လို့လည်း  ဝန်ကြီးချုပ်ခန်းက ရေးသားခဲ့ပါတယ်။  PIA လေကြောင်းလိုင်း ပြောခွင့် ရပုဂ္ဂိုလ်ကလည်း    လေယာဉ်မှူးက  စက်ချွတ်ယွင်းတဲ့ ပြဿနာ ဖြစ်တယ်လို့ ပြောခဲ့တာကို နောက်ဆုံး ကြားသိရတယ်ဆိုပြီး  ဗွီဒီယိုရုပ်သံ သတင်းထုတ်ပြန်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ PHOTO-Reuters

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up