ကိုရီးယားအပါအဝင် နိုင်ငံ ၁၁ နိုင်ငံမှ မြန်မာနိုင်ငံသား ၁၃၂ ဦးကို ပြန်ခေါ်
DVB
·
May 22, 2020
COVID-19 ရောဂါကြောင့် နေရပ်ပြန်ဖို့ အခက်အခဲကြုံနေရတဲ့ ကိုရီးယားနိုင်ငံအပါအဝင် နိုင်ငံ ၁၁ နိုင်ငံက မြန်မာနိုင်ငံသား ၁၃၂ ဦးကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ဒီနေ့ညနေပိုင်းက ရန်ကုန်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။
ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေတာကြောင့် နိုင်ငံတကာလေကြောင်းလိုင်းတွေ ပျံသန်းမှု ယာယီရပ်ဆိုင်းထားတဲ့ ကာလအတွင်း နိုင်ငံအတော်များများမှာ မြန်မာနိုင်ငံသားတွေ ပြန်ဖို့ အခက်အခဲဖြစ်နေတာဖြစ်ပြီး စတုတ္ထအကြိမ်ကယ်ဆယ်ရေးလေယာဉ် MAI နဲ့ ဒီနေ့ညနေ ဒေသစံတော်ချိန် ၅ နာရီခွဲလောက်က အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့ကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။
အဲဒီကယ်ဆယ်ရေးလေယာဉ်မှာ ကိုရီးယားရောက် မြန်မာနိုင်ငံသား ၇၂ ဦးနဲ့ အမေရိကန်၊ ဗြိတိန်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဟောင်ကောင်၊ ကာတာနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံနဲ့ အီတလီနိုင်ငံတို့မှ မြန်မာနိုင်ငံသား အယောက် ၆၀၊ စုစုပေါင်း ၁၃၂ ဦး ပါရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Photo-MOFA