DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Data Story

နေရပ်ပြန် မြန်မာများတွင် ကိုဗစ်နိုင်တင်း ကူးစက်မှု

  • By DVB
  • 22 May 2020
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား အစီအစဉ် အသီးသီးဖြင့် ပြန်လည်ခေါ်ဆောင်မှုကို ဖေဖော်ဝါရီလ ၃ရက်နေ့တွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပိတ်မိနေသော မြန်မာပညာတော်သင် (၆၃)ဦးနှင့် အစပြုခဲ့သည်။ ဆက်လက်ပြီး ဧပြီလအတွင်း ၄၀၀ ကျော်နှင့် မေလအတွင်း ၂၅၀၀ ကျော်ဖြစ်ပြီး ပြန်ရောက်လာသူ စုစုပေါင်းမှာ ၃,၀၀၀ ခန့် ရှိနေပြီဖြစ်ပါသည်။

ယနေ့အထိ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ အိန္ဒိယ ၊ သိရီလင်္ကာ၊ မော်လဒိုက်၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှား၊ အာရပ် စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ကာတာ၊ အီတလီ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား သယ်ဆောင်သည့် ကယ်ဆယ်ရေးလေယာဉ်များ အကြိမ်(၃၀)နီးပါး ရှိနေပြီဖြစ်သည်။

၎င်းတို့အား သက်ဆိုင်ရာ Quarantine center များတွင် (၂၁)ရက်ကြာ အသွားအလာကန့်သတ်ထားရှိပြီး ကိုဗစ်နိုင်တင်း ရောဂါ ကူးစက်ခံရမှု ရှိ/မရှိ စစ်ဆေးလျက်ရှိရာ မေလ(၂၂)ရက်နေ့အထိ အိန္ဒိယနိင်ငံ ပြန်လာသူများမှ (၁) ဦး၊ မလေးရှားပြန်များမှ (၉) ဦး၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)ပြန်များမှ (၈)ဦး၊ ယနေ့အထိ စုစုပေါင်း (၁၈) ဦးတွင် ရောဂါပိုးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကြော်ငြာချက်များအရ သိရှိရသည်။

ယနေ့ ၂၀၂၀ခုနှစ်၊ မေလ (၂၂)ရက်၊ မနက် ၇နာရီထိ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်း ရောဂါကူးစက်ခံရသူ စုစုပေါင်း (၁၉၉) ဦး ရှိသည့်အနက် ပြည်ပမှ ကူးစက်ခံရသူမှာ (၄၃) ဦးရှိပြီး ၅ပုံ ၁ပုံကျော်ခန့်ဖြစ်ပါသည်။ ၎င်း ပြည်ပမှ ကူးစက်ခံရသူ (၄၃) ဦးအနက် နယ်စပ်မှ ပြန်လာသူများမှ (၅) ဦး၊ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လာသူများမှ (၁၈ ဦး) စုစုပေါင်း ပိုးတွေ့ရှိသော နေရပ်ပြန်မြန်မာများ (၂၃) ဦးဖြစ်ပြီးရာခိုင်နှုန်းအားဖြင့် ပြည်ပ ကူးစက်လူနာများ၏ ၅၄ % ထက်ဝက်ကျော် ဖြစ်သည်။ကျန် ၄၆ ရာခိုင်နှုန်းဖြစ်သော (၂၀ဦး)မှာ လေကြောင်းခရီးစဉ်များ မကန့်သတ်ခင်က မြန်မာနိုင်ငံသို့ ရောက်ရှိလာသူများဖြစ်သည်။ ၎င်း ၂၀ ဦးတွင် မြန်မာနိုင်ငံသားများ၊ နိုင်ငံခြားခရီးသွားဧည့်သည်များ၊ မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများ ပါရှိသည်၊

COVID 19 Import cases

ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လာသူများမှ ရောဂါပိုးတွေ့သူ (၁၈) ဦးမှာ ဧပြီလ ၂၂ ရက်တွင် သီတဂူဆရာတော်၏ အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံမှ ပြန်လာသူ (၁) ဦိး၊ မေလ(၈) ရက်နေ့တွင် မလေးရှားမှ ပြန်လာသူ (၁) ဦး၊ မေလ (၁၁) ရက်နေ့တွင် မလေးရှားမှ ပြန်လာသူ (၈) ဦး။ မေလ (၁၀) ရက်တွင် ယူအေအီးမှ ပြန်လာသူ (၈)ဦး တို့ဖြစ်သည်။ နယ်စပ်မှ ပြန်လာသူ (၅) ဦးမှာ ထိုင်းနိုင်ငံမှ ပြန်လာသူ (၄) ဦး၊ တရုတ်နိုင်ငံမှ ပြန်လာသူ (၁) ဦး ဖြစ်ပါသည်။ လေကြောင်းပျံသန်းမှုများ ကန့်သတ်ပိတ်ပင်လိုက်သည့် မတ်လအကုန်မှစ၍ ပြည်ပမှ ကူးစက်မှုများ မရှိသလောက် လျော့ကျခဲ့ရာမှ ယခုမေလဆန်း ကယ်ဆယ်ရေးလေယာဉ်များ ပျံသန်းပြီး ၂ပတ်အကြာ ပြည်ပကူးစက်ခံလူနာများ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှထုတ်ပြန်သော ၂၀.၅.၂၀၂၀ ထိ နောက်ဆုံးရစာရင်းများးအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ Facility Quarantine Center (၁၀,၅၂၃) ခုတွင် အသွားလာကန့်သတ်စောင့်ကြည့်ခံထားသူ (၆၁,၆၅၁) ဦး ရှိပြီး ပြည်နယ်/တိုင်း ဆေးရုံများတွင် စောင့်ကြည့်လူနာ (၄,၅၆၃) ဦး ရှိကြောင်း သိရှိရသည်။

– DVB DATA Team

Tags: coronavirusCovid-19data storyDVB DataRelief Flightကိုဗစ္ ၁၉ကိုရိုနာပြည်ပကူးစက်မှု

  • Previous story အိန္ဒိယတွင် ၁ ရက်အတွင်း ကိုရိုနာအတည်ပြုလူနာ ၆၀၀၀ ကျော်ရှိ
  • Next story လက်ပံတန်းမြို့၌ mask မတပ်သူ ၁၃၀ ခန့်ကို ဒဏ်ရိုက်အရေးယူ
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)

    • gallery

      ကိုဗစ်ကာကွယ်ရေးအတွက် အဝါရောင်ကမ်ပိန်း တညင်းကုန်းဈေးတွင် ပြုလုပ် (ဓာတ်ပုံ)

    • gallery

      ကန်တော်ကြီး မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးဆိုင် မီးလောင်

    • gallery

      မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဝဇီရာရုပ်ရှင်ရုံဟောင်းတွင် ပိုစတာများပြသ (ဓာတ်ပုံ) 

    • gallery

      ကျောက်တော်မြို့ရှိ ရထားဘူတာ စစ်ဘေးရှောင်စခန်း (ဓာတ်ပုံ)

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 02 အင်ဒိုနီးရှားပျက်ကျလေယာဉ်၏ Black box  တည်ရှိရာနေရာ တွေ့ရှိ
    • 03 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 04 ပဲခူးမြို့တွင် ၇ နှစ်အရွယ်ကျောင်းသူအား ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွား
    • 05 အမေရိကန်တွင်  သေဒဏ်ကျခံနေရသည့် အမျိုးသမီး ၁ ဦးကို ကွပ်မျက်
    • 01 အယ်လ်ဆိုင်းဇီ၏ မြူးကြွသည့် သီဆိုဟန်ဖြင့် “ချစ်သူအပါးကခွာမသွားချင်” သီချင်း (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
    • 02 KNLA ပစ်ခတ်မှုကြောင့် ကလေးငယ်ဦးခေါင်း ကျည်ထိမှန်ဟု တပ်မတော် ထုတ်ပြန်
    • 03 တရုတ်နိုင်ငံသားအားလုံးကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်
    • 04 ကိုဗစ်ဆေးဝယ်ယူရေး စာချုပ်ချုပ်ဆိုမှု ရပ်တန့်ရန် ချမ်းသာသည့်နိုင်ငံများကို WHO သတိပေး
    • 05 ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် တွေ့ခွင့်ပေးရန်  မိသားစုဝင်များ တောင်းဆို
    • 01 KNLA ပစ်ခတ်မှုကြောင့် ကလေးငယ်ဦးခေါင်း ကျည်ထိမှန်ဟု တပ်မတော် ထုတ်ပြန်
    • 02 ကိုဗစ်-၁၉ ကြောင့် ဟိုတယ်နှင့် တည်းခိုရိပ်သာ အလုံးပေါင်း ၁၂၀၀ ကျော် ယာယီပိတ်ထားရ
    • 03 မူးယစ်ဆေးပစ်ဖမ်းသလိုမျိုး မီဒီယာများ ရေးသားမှု စုံစမ်းနေဟု ရဲတပ်ဖွဲ့ထုတ်ပြန်
    • 04 အင်းတော်ကြီးဒေသတွင် လူထုအခြေပြုသဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖော်ဆောင်မည်
    • 05 အောင်မင်္ဂလာ ကားဝင်းအတွင်း ကျပ်သိန်း ၉၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.