Home
မြန်မာသတင်း
ရှမ်းပြည်နယ်လွှတ်တော်တွင်  ၄ နှစ်ကျော်တွင် ဥပဒေ ၂၅ ခု အတည်ပြုပြဋ္ဌာန်းနိုင် 
DVB
·
May 22, 2020
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်သက်တမ်း ၄ နှစ်ကျော်ကာလအတွင်း ဥပဒေတွေ အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပေမယ့် အစိုးရဘက်က နည်းဥပဒေထွက်ရှိနိုင်ဖို့ အကောင်အထည်ဖော်တာ အလွန်အားနည်းတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ရှမ်းပြည်နယ်လွှတ်တော်မှာ ရှမ်းပြည်နယ်အတွက်အရေးကြီးတဲ့ ဥပဒေတွေကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပေမယ့် နည်းဥပဒေထွက်ရှိမှု မရှိသလောက်ဖြစ်နေတယ်လို့ ဒေသန္တရ စီမံကိန်းနှင့် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ကိုခင်မောင်တင့်က ပြောပါတယ်။ နည်းဥပဒေတွေထွက်ရှိနိုင်မှ ဥပဒေတွေအသက်ဝင်မှု အားကောင်းလာမှာဖြစ်ပြီး အရေးယူတဲ့ အပိုင်းတွေ အကောင်အထည်ဖော်တဲ့အပိုင်းတွေ လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွတ်တော်မှာ လေးနှစ်ကျော်အတွင်း အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ ၂၅ခု၊ အမိန့်ကြော်ငြာစာအဖြစ်ပြောင်းလဲထုတ်ပြန်တာ ၁ ခုနဲ့ ဆွေးနွေးဆဲဥပဒေမူကြမ်းတခု ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်ဟာ လေးနှစ်ကျော်အတွင်း ပုံမှန်အစည်းအဝေး ၁၈ ကြိမ်၊ အထူးအစည်းအဝေး နှစ်ကြိမ်နဲ့ အရေးပေါ် အစည်းအဝေး သုံးကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ကြယ်ပွင့်ပြမေးခွန်း ၁၀၁၂ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၇၃၈ ခုနဲ့ အဆို ၆၀ ခု မေးမြန်းတင်သွင်းခဲ့ပါတယ်။ သတင်း- ခွန်ရာဇာ ဓာတ်ပုံ- ရှမ်းပြည်နယ်လွှတ်တော်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024