Home
မြန်မာသတင်း
ဂျပန်ရောက်မြန်မာများ အထူးထောက်ပံ့ကြေးငွေ ယန်း ၁ သိန်းစီ ရရှိ
ဇော်ဇော်လှိုင်
·
May 22, 2020
97971083_10223180457357759_3217327677509730304_n
ဂျပန်နိုင်ငံအစိုးရက နိုင်ငံတွင်း COVID-19 ရောဂါ ပြန့်ပွားမှုအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံမှာ နေထိုင်သူတွေအား ၁ ဦးကို ယန်းငွေ ၁ သိန်းစီ ထောက်ပံ့ခဲ့ရာမှာ  တရား၀င်နေထိုင်တဲ့ မြန်မာတွေလည်း အကျုံး၀င်ရရှိကြပါတယ်။ အထူးထောက်ပံ့ကြေးငွေကို ဧပြီ ၂၇ ရက်အထိ ဂျပန်နိုင်ငံမှာ အိမ်ထောင်စု မှတ်ပုံတင်စာရင်းဝင်သူ ကျောင်းသား ကျောင်းသူတွေ၊ အလုပ်သင်သင်တန်းသားတွေနဲ့ အခြားနေထိုင်ခွင့်ရှိသူတွေလည်း အကျုံးဝင်ပါတယ်။ တိုကျိမြို့ နခနိုမှာနေတဲ့ မရှိုင်းဟေမန်ကတော့ မေ ၁၈ ရက်က မြို့နယ်ရုံးက ဘဏ်အကောင့်ဖြည့်ရဖို့ လျှောက်လွှာရောက်လာပြီး ပြန်ပို့လိုက်လို့ ၂ ရက် ၃ ရက်အတွင်း ဘဏ်ထဲ ၀င်လာနိုင်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ ဂျပန်နိုင်ငံမှာ အရေးပေါ်ကာလအတွင်း စက်ရုံအလုပ်ရုံနဲ့ စားသောက်ဆိုင်တွေ ပိတ်ထားပြီး ဂျပန်ရောက်မြန်မာနိုင်ငံသားအများအပြားလည်း ၀င်ငွေ ကျဆင်းနေမှုနဲ့ တွေ့ကြုံနေကြရတာပါ။ ဂျပန်အစိုးရအနေနဲ့ နေထိုင်ခွင့်ကုန်နေသူ နိုင်ငံခြားသား အလုပ်သမားတွေ အလုပ်က ထုတ်ပယ်ခံရတာ၊ ဆက်လက်အလုပ်လုပ်ကိုင်နိုင်ဖို့ အခက်အခဲရှိနေတဲ့ အလုပ်သင်နိုင်ငံခြားသား အလုပ်သမားတွေအတွက် အချိန်ကာလ ၁ နှစ်ကြာ ဆက်လက် အလုပ်လုပ်ကိုင်နိုင်ရေး ခွင့်ပြုမယ့် နေထိုင်ခွင့် အမျိုးအစားတခုကိုလည်း မေ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024