ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ညွှန်း သမိုင်းပညာရှင်များ စိစစ်နေ
DVB
·
May 1, 2013
စာရေးဆရာ ချစ်ဦးညို၊ ဒါရိုက်တာ ကြည်စိုးထွန်းနဲ့ ဇာတ်ညွှန်းဆရာ မြမြင့်မိုရ်တို့ ပူးပေါင်းရေးသားထားတဲ့ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ဇာတ်ညွှန်းကို အဖြစ်အပျက်မှန်တွေနဲ့ လွဲချော်မှု မရှိစေဖို့ သမိုင်းပညာရှင်တွေက စိစစ်သုံးသပ်နေတယ်လို့ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးဇော်သက်ထွေးက ဒီဗွီဘီကို ပြောပါတယ်။
ရေးသားပြီးတဲ့ ဇာတ်ညွှန်းကို ဆရာကြီး ဦးသော်ကောင်း၊ ဦးမြ၀င်း၊ ဒေါက်တာ ဒေါ်ခင်လှဟန်၊ ဒေါ်ခင်နှင်းဦးနဲ့ ဦးဇော်လင်းတို့ပါတဲ့ အဖွဲ့က စိစစ် စစ်ဆေးနေပါတယ်။
သမိုင်းပညာရှင်တွေ စစ်ဆေး အတည်ပြုပြီးမှသာ ဒီဇာတ်ညွှန်းကို အင်္ဂလိပ်ဘာသာ ပြန်ဆိုပြီး ရုပ်ရှင်ရိုက်ကူးရေး ငွေကြေးနဲ့ နည်းပညာအကူအညီပေးမယ့် နိုင်ငံခြား အဖွဲ့အစည်းတွေဆီ ပေးပို့ရမယ်လို့ ဦးဇော်သက်ထွေးက ပြောပါတယ်။