DVB Logo
Home
သတင်းတို
ရန်ကုန်တွင် ပုဒ်မ ၁၈၈ ရုပ်သိမ်း
DVB
·
May 1, 2013
Donate to DVB

ရန်ကုန်တိုင်းအစိုးရအဖွဲ့ဟာ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်နဲ့ နယ်နိမိတ်ပြင်ပ မြို့နယ်တချို့ကို ည ၉ နာရီနောက်ပိုင်း အရက်ဘီယာနဲ့ ဆိုင်ဖွင့်လှစ်ရောင်းချခွင့် ပိတ်ပင်တဲ့ ပုဒ်မ ၁၈၈ ဒေသန္တရအမိန့် ထုတ်ပြန်ထားတာကို ဧပြီ ၂၅ အစည်းအဝေးကနေ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရုံးက အတည်ပြုပြောဆိုပါတယ်။

မန္တလေးတိုင်း မိတ္တီလာမြို့မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့ ညသန်းခေါင်အချိန်တွေမှာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်နဲ့ တာမွေမြို့နယ် မအူကုန်း ရပ်ကွက်တွေမှာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဖို့ ကား ၂ စီးနဲ့ အော်ဟစ်လှုံ့ဆော်မှုတွေ ဖြစ်ပေါ်ခဲ့လို့ ပုဒ်မ ၁၈၈ ထုတ်ပြထားတာပါတယ်။

ဒီကာလအတွင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ဟာ ပုဒ်မ ၁၈၈ ထုတ်ပြန်တာအပြင် ပဋိပက္ခဖြစ်ပွားနိုင်တဲ့ ဧရိယာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ညစဉ် ချထားတာ၊ လှည့်ကင်းတွေ ဆောင်ရွက်တာ၊ ချက်ပွိုင့်တွေ ထားပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပုဒ်မ ၁၈၈ ထုတ်ပြန်ထားတာကို ပြန်ရုပ်သိမ်းတဲ့ ပြင်ပမြို့နယ် ၁၂ မြို့နယ်ထဲမှာ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူးနဲ့ ထန်းတပင် မြို့နယ်တွေ ပါဝင်ပေမယ့် ဧပြီ ၃၀ ရက်နေ့က ဖြစ်ပွားတဲ့ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေကြောင့် ဥက္ကံမြို့နယ်မှာ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားပါတယ်။

ပုဒ်မ ၁၈၈ ဟာ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ အရေးပေါ်အခြေအနေ မဖြစ်ပေါ်ဖို့ ကြိုတင်တားဆီးတဲ့အနေနဲ့ ထုတ်ပြန်လေ့ရှိတဲ့ ပုဒ်မဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013