Homeရုပ်သံ
မိုးစက်တွေကြား ဆွေးဆွေးငြိမ့်ငြိမ့် ခံစားရမည့် ဖြူဖြူကျော်သိန်းသီချင်း-“နင် မရှိပဲ”(ရုပ်သံ)
မိုးစက်တွေကြား ဆွေးဆွေးငြိမ့်ငြိမ့် ခံစားရမည့် ဖြူဖြူကျော်သိန်းသီချင်း-“နင် မရှိပဲ”(ရုပ်သံ)
DVB
·
May 21, 2020
“ထင်ကျန်နေတယ် မင်းရဲ့ အရိပ်… မြင်ယောင်နေတယ် ဟိုးအဝေး အတိတ်ကို… ပြန်လည်ကာ ငါ တမ်းတလို့နေတယ်… မှန်မယ်ထင်ရာ ဆုံးဖြတ်လို့… အရာရာ ရင်ဆိုင် ချစ်ခဲ့ပြီးမှ… လွယ်လွယ်ကူကူ ဝေးဖို့ မဖြစ်နိုင်ဘူး”
ဒါကတော့ လတ်တလော ထွက်ရှိလာတဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းရဲ့ “နင် မရှိ ပဲ” အမည်ရတဲ့ သီချင်းတပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပြီး ဒီသီချင်းကိုတော့ Cobra က ရေးစပ်ပေးထားခဲ့ တာ ဖြစ်ပါတယ်။
အသက် ၃၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဖြူဖြူကျော်သိန်းဟာ ဆရာဝန်တ ယောက် လည်းဖြစ်ပြီး ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ “လုံးဝမသက်ဆိုင်တော့ပါ” တကိုယ်တော် တေးအယ်လ်ဘမ်နဲ့ ဂီတလောကထဲကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ သူမတူတဲ့ အမိုက်စား သရုပ်ဖော်တင်ဆက်မှုတွေဟာ ပရိ သတ်တွေကြား ထင်ရှားလာခဲ့ပြီး ဆယ်စုနှစ်ချီ အောင်မြင်ခဲ့သူ အဆိုတော်တယောက် ဖြစ် လာခဲ့တာပါ။
သူသီဆိုထားတဲ့ လမ်းခွဲ၊ ချယ်ရီလမ်း၊ အရှုံးထက်ပိုသော၊ လှည့်စားလိုက်စတဲ့ သီ ချင်းတွေဟာ ထင်ရှားသလို တခြားအဆိုတော်တွေနဲ့ တွဲဖက်သီဆိုမှုတွေဖြစ်တဲ့ အတွင်း ကြေ၊ ငါဘုရင်မစတဲ့ သီချင်းတွေနဲ့လည်း အောင်မြင်မှုတွေ ရရှိခဲ့သူပါ။
လက်ရှိမှာတော့ အနုပညာ လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာလည်း ဒိုင်အ နေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
“မင်း… မင်းမရှိတဲ့ ဒီအခန်းထဲမှာ… အလွမ်း… အလွမ်းဆိပ်သင့်နေတုန်း… နင် မရှိပဲ… ငါ့ရဲ့ ဘဝက တကယ် မဖြစ်လို့ပါကွာ… နင်မရှိပဲ ဆက်လက်ပြီးတော့ ငါအသက် ဆက်ရှင်စရာ… ဘယ်လိုမှ မဖြစ်တော့လို့… ပြန်လာပြီး ငါ့ကို အသက်ဆက်လှည့်ပါကွာ”
ခုသီချင်းထဲမှာတော့ ချစ်သူမရှိပဲ မရှင်သန်နိုင်တော့တဲ့ ကောင်မလေးတယောက်ရဲ့ အလွမ်းတွေအကြောင်း ရိုးရှင်းတဲ့ တေးသွား စာသားတွေနဲ့အတူ လိုက်ဖက်ညီတဲ့ သီဆို ဟန်ကို ပုံစံတမျိုးနဲ့ ခံစားနားဆင်နိုင်မှာပါ။
The Ugly Band တေးဂီတအဖွဲ့ရဲ့ တီးခတ်မှုနဲ့ ဒီသီချင်းကိုတော့ Legacy Music ၊ Tay Than Thar Music တို့ကနေ ဖြန့်ချိပေးထားခဲ့တာဖြစ်ပြီး တေးသံရှင် ဖြူဖြူကျော် သိန်းရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာလည်း နားဆင်ကြည့်ရှုနိုင်မှာ ဖြစ်ပါ တယ်။