Homeမြန်မာသတင်း
စတုတ္တအကြိမ် COVID-19 ချေးငွေကို ပြည်နယ်နှင့်တိုင်းရှိ စီးပွားရေးလုပ်ငန်းများကို ဦးစားပေး ထုတ်ချေးမည်
စတုတ္တအကြိမ် COVID-19 ချေးငွေကို ပြည်နယ်နှင့်တိုင်းရှိ စီးပွားရေးလုပ်ငန်းများကို ဦးစားပေး ထုတ်ချေးမည်
DVB
·
May 21, 2020
COVID-19 ရန်ပုံငွေကနေ စတုတ္တအကြိမ်မြောက် ထုတ်ချေးမယ့်ချေးငွေမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အခြေစိုက် စီးပွားရေးလုပ်ငန်းတွေကို ဦးစားပေး ထုတ်ချေးသွားမယ်လို့ သိရပါတယ်။
COVID- 19 ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုတွေအပေါ် ကုစားရေး လုပ်ငန်းကော်မတီ ရဲ့ မတ်လ ၂၀ ရက်နေ့က ပြုလုပ်တဲ့ဗွီဒီယိုကွန်ဖရင့် အစည်းအဝေးမှာဆုံးဖြတ် ခဲ့တာပါ။
လုပ်ငန်းကော်မတီအနေနဲ့ COVID-19 ကြောင့် ထိခိုက်နိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ အတွက် COVID-19 ရန်ပုံငွေကနေ ချေးငွေစိစစ်ထုတ်ချေးပေးခဲ့တာ သုံးကြိမ်ရှိပါပြီ။
ဒီသုံးကြိမ်မှာ ရန်ကုန်မြို့ အခြေစိုက်ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အများဆုံး ထုတ်ချေးပေးခဲ့တာဖြစ်ပါတယ်။ ပထမအကြိမ်မှာ လုပ်ငန်းပေါင်း ၈၈ ခု ဒုတိယအကြိမ်မှာ လုပ်ငန်းပေါင်း ၁၁၃ ခုနဲ့ တတိယအကြိမ်မှာ ၁၁၁ ခုကို ထုတ်ချေးပေးခဲ့တာပါ။
တတိယအကြိမ်ထိကို ခွင့်ပြု ထုတ်ချေးငွေ ပမာဏက စုစုပေါင်း ကျပ် ၁၃ဘီလီယံကျော် ရှိပြီလို့ သိရပါတယ်။ စတုတ္တအကြိမ်မြောက် ထုတ်ချေးမဲ့ လုပ်ငန်းနဲ့ငွေပမာဏကိုတော့ အသိပေး ကြေညာထားခြင်း မရှိသေးပါဘူး။
COVID- 19 ကြောင့် ထိခိုက်နိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ကုစားဖို့အတွက် နိုင်ငံတော် လှည့်ပတ်ရန်ပုံငွေကနေ ကျပ်ဘီလီယံ ၅၀၊ လူမှုဖှုလှုံရေး ရန်ပုံငွေက ကျပ် ဘီလီယံ၅၀ စုစုပေါင်း ကျပ်ဘီလီယံ ၁၀၀ကို ကနဦးမတည်ထားတာပါ။
စိုးချစ်ပိုင်