မေဒေးနေ့ အလုပ်ဆင်းခိုင်းသဖြင့် အလုပ်သမားများ ဆန္ဒပြ

  မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်း ရပ်ကွက် ရတနာပုံတက္ကသိုလ်လမ်းရှိ အောင်စိန်ချည်မျှင် အထည်စက်ရုံက အလုပ်သမား ၁၀၀ ကျော်ဟာ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) မှာ အလုပ်ဆင်းခိုင်းတာကြောင့် ဒီနေ့မနက် ၇ နာရီက စတင်ပြီး တောင်းဆိုချက် ၅ ချက်နဲ့ ဆန္ဒဖော်ထုတ်နေကြပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားဦးစီးဌာနမှ တာဝန်ရှိသူတွေ လာရောက်ညှိနှိုင်းပေးတဲ့အချိန်ထိ ဆန္ဒဖော်ထုတ်သွားမယ်လို့ သိရပါတယ်။ (သတင်းဓာတ်ပုံ - အိမ်ခိုင်မြဲ၊ ချစ်ကို) Read more

//
More News
Up