စီးပွားရေးအခက်ခဲကြောင့် နေမာကို ခေါ်ယူမည့် အသင်းမရှိသေးဟု အေးဂျင့်ပြော

ဓာတ်ပုံ-ရိုက်တာ
ကမ္ဘာ့ဘောလုံးစီးပွားရေး အခက်အခဲကြောင့် ပီအက်စ်ဂျီတိုက်စစ်မှူးနေမာ  အသင်းပြောင်းရွှေ့ဖို့ ခက်ခဲတယ်လို့ အေးဂျင့်ဖြစ်သူက ပြောလိုက်ပါတယ်။ နေမာဟာ ၂၀၁၇ ခုနှစ်က ဘာစီလိုနာအသင်းကနေ ပေါင် ၁၉၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူ့ကို ဘာစီလိုနာအသင်းက ပြန်လည်ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့ဘောလုံးစီးပွားရေးက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး နေမာကို ခေါ်ယူနိုင်မယ့် အသင်းမရှိနိုင်ကြောင်းအေးဂျင့်ကသုံးသပ်ခဲ့တာပါ။  ပီအက်စ်ဂျီအသင်းမှာပဲ ဆက်ရှိမယ်လို့ ထင်ပြီး ဈေးကွက်အခြေအနေက ခက်ခဲနေကာ ပြောင်းလဲမှုတွေရှိလာလိမ့်မယ်လို့ နေမာရဲ့အေးဂျင့်က  The Sun သတင်းစာကို ပြောပါတယ်။  နေမာဟာ ပီအက်စ်ဂျီအသင်းမှာ ပွဲပေါင်း ၈၀ ကစားပြီး ၆၉ ဂိုးအထိသွင်းယူထားပေမယ့် အသင်းမှာ မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။   

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up