Home
မြန်မာသတင်း
မုံရွာညဈေးတန်း ပြန်ဖွင့်လှစ်၊ မိုးလေကျသဖြင့် ဆိုင်အချို့သာရောင်းချ
DVB
·
May 20, 2020
COVID-19 ကပ်ရောဂါကြောင့် နှစ်လနီးပါးကြာပိတ်ထားခဲ့တဲ့ မုံရွာမြို့၊ ရုံးကြီးလမ်းက ညဈေးတန်းကို သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ မေလ ၂၀ ရက်နေ့ ညပိုင်းကနေ စတင်ကာ ပြန်လည်ရောင်းချခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။  ညဈေးတန်းကို မေလ ၂၅ ရက်နေ့ ညနေပိုင်းကနေစတင်ကာ ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့လာနိုင်လို့ဆိုပြီး ပိတ်ထားခဲ့တာပါ။  ညဈေးတန်းကို ပါဆယ်စနစ်နဲ့သာရောင်းချဖို့၊ တစ်ဆိုင်နဲ့တစ်ဆိုင် ၆ ပေကွာစီဖွင့်လှစ်ဖို့၊ ရောင်းသူဝယ်သူအားလုံး Mask တပ်ဆင်ကြဖို့ စတဲ့ စည်းကမ်းချက်တွေအပါအဝင် တခြားစည်းကမ်းသတ်မှတ်ချက်တွေ ပြန်ဖွင့်ခွင့် ပေးလိုက်တာပါ။  ဒါ့အပြင် ဈေးရောင်းချချိန်ကိုလည်း မူလက ညနေ ၄ နာရီကနေ ည ၁၀ နာရီထိဖွင့်ခွင့် ပေးခဲ့ပေမယ့် လက်ရှိကာလမှာတော့ ညနေ ၄ နာရီကနေ ည ၉ နာရီထိသာ ဖွင့်ခွင့်ပြုတာပါ။ ဒါပေမယ့် ဈေးပြန်ဖွင့်တဲ့ရက်မှာပဲ မုန်တိုင်းအမ်ဖန်ရဲ့ အကျိုးဆက်ကြောင့် မုံရွာမြို့မှာ မိုးသက်လေပြင်းကျခဲ့ပြီး တချို့နေရာတွေမှာ သစ်ပင်ကြီးတွေလဲပြိုကာ မီးပြတ်တာတွေလည်း ရှိနေတဲ့အတွက် ဈေးဆိုင်အနည်းငယ်သာ လာရောက် ရောင်းချခဲ့ပါတယ်။  မုံရွာမြို့ ညဈေးတန်းမှာ ဈေးရောင်းချသူ ဈေးသည် ၁၄၀ ခန့်ရှိပြီး ဆိုင်ခန်းပေါင်း ၂၀၀ ဝန်းကျင်ရှိပါတယ်။ ညဈေးတန်းအပြင် စားသောက်ဆိုင်၊ လဖက်ရည်ဆိုင်တွေကိုလည်း စည်းကမ်းချက်တွေနဲ့ ပြန်လည်ဖွင့်ခွင့် ပြုနေပြီဖြစ်ပါတယ်။  မေလ ၂၂ ရက်နေ့ကနေ စတင်ကာ အပြင်ထွက်သူတိုင်း Mask မတပ်ရင် အရေးယူတော့မှာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024