ပုဂ္ဂလိက သတင်းစာ ၁၀ စောင် ထပ်မံထုတ်ဝေခွင့်ပြု
DVB
·
April 30, 2013
ပုဂ္ဂလိကသတင်းစာ ၁၀ စောင်ကို ပုံနှိပ်သူများ၊ ထုတ်ဝေသူများ၊ မှတ်ပုံတင်နဲ့ ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့က စိစစ်ပြီး ဒီနေ့ ထပ်မံထုပ်ဝေခွင့်ပြုလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
ထုတ်ဝေခွင့်ပြုလုပ်တဲ့ သတင်းစာတွေကတော့ နေရှင်နယ်တိုင်းမ်၊ ဒေးလီးအီလဲဗင်းနယူးစ်၊ Myanma Freedom Daily(အင်္ဂလိပ်ဘာသာဖြင့်)၊ နဂါးနီနေ့စဉ်၊ ဓနစီးပွားရေးနေ့စဉ်၊ ၀ရဇိန်နေ့စဉ်၊ စောင့်ကြည့်နေ့စဉ်၊ ပြည်မြန်မာနေ့စဉ်၊ မြန်မာပို့စ်နေ့စဉ်၊ International Herald Tribune (အင်္ဂလိပ်ဘာသာဖြင့်) တို့ဖြစ်ပါတယ်။
ဒီအတွက် ပုဂ္ဂလိက နေ့စဉ်သတင်းစာ မြန်မာဘာသာနဲ့ ၂၄ စောင်၊ အင်္ဂလိပ်ဘာသာဖြင့် ၂ စောင်၊ စုစုပေါင်း ၂၆ စောင်ကို ထုတ်ဝေခွင့်ပြုထားပြီး ဖြစ်ပါတယ်။