Home
မြန်မာသတင်း
COVID-19 လူနာကို မှတ်တမ်းယူခဲ့သည့် ပုသိမ်ရဲတပ်ဖွဲ့ဝင် ၄ ဦး Home Quarantine ဝင်
ညီငယ်
·
May 20, 2020
COVID-19 ပိုးတွေ့လူနာ Case 191 နဲ့ တွေ့ဆုံခဲ့ပြီး ရဲလုပ်ငန်းအရ ကိုယ်ရေးအချက်အလက်ယူခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့က ရဲတပ်ဖွဲ့ဝင် ၄ ဦးကို Home Quarantine စထားလိုက်ပြီဖြစ်ကြောင်း ပုသိမ်မြို့မရဲ့စခန်းက စခန်းမှူး ဒုရဲမှူးမြင့်ခင်က ဒီဗွီဘီကို ပြောပါတယ်။ ရဲအရာရှိတွေဖြစ်တဲ့ ဒုရဲအုပ်ငြိမ်းချမ်းအောင်၊ အလုပ်သင်အရာရှိ ၂ ဦးဖြစ်တဲ့ ဒုရဲအုပ် ကျော်သီဟနဲ့ ဒုရဲအုပ်ကျော်မိုးနိုင်၊ ဒုတပ်ကြပ်စိုးကိုကို တို့ဟာ ပိုးတွေ့လူနာအပါအဝင် မလေးရှားပြန် ၁၈ ယောက်ကို ကိုယ်ရေးအချက်အလက်ယူခဲ့တာကြောင့် စိတ်ချရအောင် သူတို့နေထိုင်ရာ ရဲလိုင်းခန်းမှာပဲ  Home Quarantine ၂၈ ရက်ထားမှာဖြစ်ပါတယ်။ မလေးရှားက မေလ ၁၁ရက်နေ့က ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေထဲက ၁၈ ယောက်ဟာ ဧရာဝတီတိုင်းကဖြစ်တာကြောင့် ရန်ကုန်လေဆိပ်ကနေ ဧရာဝတီတိုင်း ပုသိမ်ကို တိုက်ရိုက် ခေါ်ဆောင်ခဲ့တာပါ။ အဲဒီနေ့ ညမှာဘဲ ပုသိမ်တက္ကသိုလ် တေဇဆောင်မှာ Quarantine စထားခဲ့ပြီး ရဲတပ်ဖွဲ့အနေနဲ့ မှတ်တမ်းယူရာမှာ ၆ ပေအကွာကနေ ရယူခဲ့တာကြောင့် Primary Contact ထဲ မထည့်ထားဘူးလို့ ဧရာဝတီတိုင်းဒေသကြီး Quarantine တာဝန်ခံ ဒေါက်တာမြတ်မင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ လူနာ Case 191 အပါအဝင် မလေးရှားပြန် ၁၈ ဦးကို သတင်းယူခဲ့တဲ့ ပုသိမ်မြို့ခံ သတင်းထောက် ၂ ဦးအပါအဝင် ပရဟိတသမား ၃ ဦးလည်း မနေ့ကစတင် Quarantine ဝင်နေပြီဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024