Home
မြန်မာသတင်း
လူမှုကွန်ရက်ပေါ်တွင် သံဃာတော်များအား စော်ကားပြောဆိုရေးသားခဲ့သည့် ဆရာဝန် ၁ ဦးကို သာသနာညှိုးနွမ်းစေမှုဖြင့် ဖမ်းဆီးအမှုဖွင့် 
DVB
·
May 20, 2020
98365396_3259637870841874_6031657718937288704_o
98360211_3259637814175213_7172195205037162496_o
97997748_3259857344153260_5258767779812605952_o
97994714_3259766590829002_4029389569504837632_o
97947232_3260076214131373_5173347176717221888_n
97963325_3259857370819924_7345296955595030528_o
97414229_3259638037508524_925879530361454592_o
97349957_3259637760841885_6579250565820186624_o
97100565_3259638220841839_5744479283355582464_o
လူမှုကွန်ရက်ပေါ် သံဃာတော်တွေကို စော်ကားပြောဆို ရေးသားခဲ့တဲ့ Kyaw Win Thant ဖေ့ဘွတ်ခ်အကောင့်ပိုင်ရှင် ဒေါက်တာ ကျော်ဝင်းသန့် (၃၁နှစ်)ကို သာသနာညှိုးနွမ်းစေမှုနဲ့ ဖမ်းဆီးပြီး မိတ္ထီလာမြို့နယ် တရားရုံးမှာ မေလ ၁၉ ရက် မွန်းလွဲပိုင်းက အမှုဖွင့်လိုက်တယ်လို့ မိတ္ထီလာခရိုင် သာသနာရေးရုံးက ပြောပါတယ်။ မိတ္ထီလာခရိုင် သာသနာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကိုကိုအောင်က "မိတ္ထီလာမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး ပုဒ်မ ၂၉၅ (က) သာသနာညှိုးနွမ်းစော်ကားမှုနဲ့ အမှုဖွင့် လိုက်ပါတယ်။ မိတ္ထီလာမြို့နယ်စီမံခန့်ခွဲရေးကော်မတီရဲ့ လမ်းညွှန်မှုနဲ့ မိတ္ထီခရိုင်သာသနာရေးမှူး ကိုယ်တိုင်တရားလိုလုပ်ပြီး အမှုဖွင့်လိုက်တာပါ။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ သူရေးခဲ့တဲ့ အရေးအသားတွေ ကြောင့် အမှုဖွင့်တာပါ ဆရာဝန်တဦးလို့လည်း သိရတယ်" လို့ ပြောပါတယ်။ ပညာရေးဝန်ကြီးဌာနက sex education နဲ့ ပတ်သက်ပြီး သင်ရိုးညွှန်းတမ်းမှာ ထည့်တဲ့အပေါ် မြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်ညီဘူးလို့ ဝေဖန်ရေးသားချက်တွေနဲ့ ပတ်သက်ပြီး မိတ္ထီလာမြို့ပေါက်ချောင်းရပ်ကွက်နေ ကိုကျော်ဝင်းသန့်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ  မေလ ၁၇ ရက်က ပြန်လည်တုံ့ပြန်ရေးသားတဲ့ ပို့စ်တခု တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီပို့စ်မှာ စစ်တပ်နဲ့သံဃာတွေဟာ တိုင်းပြည်ကုန်ထုတ်လုပ်မှုစွမ်းအားမှာ ဝင်မပါတဲ့ အကြောင်း၊ အခွန်မဆောင်တဲ့အကြောင်းနဲ့ ပါချုပ်ဆရာတော်ကစလို့ ကိုရင်အဆုံး အယုံအကြည်မရှိကြောင်း စသဖြင့် သံဃာတော်တွေကို ဝေဖန် ရေးသားခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုကျော်ဝင်းသန့်ရဲ့ ဖခင်ဖြစ်သူက မိတ္ထီလာသံဃနာယကကို တောင်းပန်ခဲ့သလို  ကိုကျော်ဝင်းသန့်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်က ပို့စ်ကို ပြန်ဖြုတ်ချကာ  တောင်းပန်စာ ပြန်ရေးခဲ့ပါတယ်။ ဒါ့အပြင် ကိုကျော်ဝင်းသန့် ကိုယ်တိုင်လည်း မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက် ကိုးနဝင်းကျောင်းတိုက်ကို မနေ့က သွားရောက်ပြီး  သံဃနာယကဥက္ကဋ္ဌ ဆရာတော်နဲ့ ဆရာတော်တွေ၊ ခရိုင်သာသနာရေးမှူး အကျိုးတော်ဆောင်ကော်မတီဝင်တွေ ရှေ့မှောက်မှာ ဝန်ချတောင်းပန်ခဲ့ပါတယ်။ ကျောင်းတိုက်ထဲမှာတော့ လူတွေများပြားလာပြီး ဖိနပ်တွေနဲ့ပစ် အော်ဟစ်ဆဲဆိုတာတွေ ဖြစ်ပေါ်ခဲ့ကာ ကိုကျော်ဝင်းသန့်ရဲ့ အသက်အန္တရာယ် ရှိနိုင်တာကြောင့် ခရိုင်ရဲတပ်ဖွဲ့က ကျော်ဝင်းသန့်ကို ရဲကားနဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒေသခံကိုစိုးထွန်းက "ဘုန်းကြီးကျောင်းထဲမှာ လူ ၁၅၀ ကျော်လောက် ရှိမယ်။ အဲဒီလူ ကိုယ်တိုင် ဝရံတာက ထွက်ပြီး တောင်းပန်သေးတယ်"လို့ ပြောပါတယ်။ မိတ္ထီလာမြို့နယ်တရားရုံးမှာ ရာဇဝတ်ကြီးအမှတ် ၇၉၈/၂၀၂၀ နဲ့ အမှုလက်ခံပြီး ကိုကျော်ဝင်းသန့်ကို သာသနာညှိုးနွမ်းစေမှု စော်ကားမှု ရာဇသတ်ကြီးပုဒ်မ ၂၉၅ (က) နဲ့ အမှုဖွင့်ကာ မိတ္ထီလာရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024