DVB Logo
Home
သတင်းတို
တပ်မတော်နှင့်ပတ်သက်ပြီး လိုရာဆွဲ သတင်းပေးပို့များ ရှိဟုဆို
DVB
·
April 30, 2013
တပ်မတော်နှင့်ပတ်သက်ပြီး လိုရာဆွဲ သတင်းပေးပို့များ ရှိဟုဆို
Donate to DVB

ပြည်တွင်းပြည်ပ မီဒီယာတချို့ဟာ တပ်မတော်နဲ့ ပတ်သက်ပြီး လိုရာဆွဲ သတင်းပေးပို့မှုတွေ ရှိခဲ့တာကြောင့် ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ တပ်မတော်အနေနဲ့လည်း မီဒီယာကဏ္ဍ တိုးချဲ့ဖို့ လုပ်နေတယ်လို့ စစ်ရေးချုပ် ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ပြောပါတယ်။

ဒီနေ့မနက် ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်မှာ ကျင်းပတဲ့ မြ၀တီ မီဒီယာဂရုဖ်နဲ့ မီဒီယာတွေ တွေ့ဆုံပွဲမှာ ခုလို ပြောဆိုလိုက်တာပါ။

တပ်မတော်ပိုင် မြ၀တီမီဒီယာဂရုဖ်အနေနဲ့ လာမယ့် မေ ၁ ရက်နေ့ကစပြီး မြ၀တီသတင်းစာကို လက်ရှိ ၂၄ မျက်နှာကနေ ၃၂ မျက်နှာ တိုးချဲ့ ထုတ်ဝေသွားမယ့်အပြင် မြ၀တီနဲ့ ဆက်စပ် ရုပ်သံလိုင်း ၆ လိုင်းကိုလည်း လက်ရှိ တနေ့ ၁၁ နာရီ ထုတ်လွှင့်နေရာကနေ တနေ့ ၁၈ နာရီ တိုးချဲ့ ထုတ်လွှင့်သွားမယ်လို့ ဆိုပါတယ်။

မြန်မာ့တပ်မတော်ဟာ မြန်မာပြည်မှာ အကြီးဆုံး စီးပွားရေးဦးပိုင် လီမိတက်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ ပိုင်ဆိုင်သလို မြ၀တီ ရုပ်သံ၊ သဇင်အသံလွှင့်ဌာန၊ မြ၀တီသတင်းစာ၊ မဂ္ဂဇင်းနဲ့ စာအုပ်တွေ ထုတ်ဝေနေတဲ့ မြ၀တီ စာအုပ်တိုက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ Read more

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013