Homeမြန်မာသတင်း
COVID-19 ကာကွယ်ရေးအတွက် ကိုရီးယားကုမ္ပဏီ ၃ ခုက ဒေါ်လာ ၅ သိန်းခွဲတန် ပစ္စည်းများ လှူဒါန်း
COVID-19 ကာကွယ်ရေးအတွက် ကိုရီးယားကုမ္ပဏီ ၃ ခုက ဒေါ်လာ ၅ သိန်းခွဲတန် ပစ္စည်းများ လှူဒါန်း
အောင်ကိုကိုလတ် (နေပြည်တော်)
·
May 19, 2020

COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ကိုရီးယား ကုမ္ပဏီ ၃ ခုက အမေရိကန် ဒေါ်လာ ၅ သိန်းခွဲလောက် တန်ဖိုးရှိတဲ့ အထောက်အကူပြု ပစ္စည်းတွေကို မေလ ၁၉ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာ လှူဒါန်းခဲ့ပါတယ်။
အဲ့ဒီအထောက်အကူပြုပစ္စည်းတွေကိုတော့ တောင်ကိုရီးယားနိုင်ငံက ဒေါ်လာ ၅၀၀,၀၀၀ ဖိုးရှိ Covid Test Kit တွေနဲ့ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) ရုံးက ဒေါ်လာ ၅၀,၀၀၀ ဖိုးရှိ RNA Extaction Kits တွေကို လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင် Hyundai Engineering and construction ကုမ္ပဏီကလည်း VTM 15000 Kits ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရုံးမှာ လှူဒါန်းခဲ့ရာမှာ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်လက်ခံရယူခဲ့ပါတယ်။