Home
ရင်ဖွင့်စာ/ပေးစာ
ကျိုင်းတုံမြို့မီးလင်းရေး ကူညီပေးပါ
DVB
·
April 30, 2013
ကျနော်က ကျိုင်းတုံကပါ။ ကျနော်တို့ ရပ်ကွက်နဲ့ ကျေးရွာများမှာ မီးမလာတာ၊ မီးမမှန်တာ အတော်ကို ကြာနေပါပြီ။ ကျနော်တို့ ကျိုင်းတုံသားတွေက ရိုးသားကြတယ်။ လမ်းထွက်ပြီး ဘယ်သူမှ ဆန္ဒမပြရဲကြဘူး။ လျှပ်စစ်မီးကသာ မလာတာ၊ မီးလင်းရေးအတွက် (အီးပီစီ)တို့ကတော့ လစဉ် မီတာလာဆောင်ခိုင်းတယ်။ မီတာထိန်းသိမ်းခက ၁ ထောင် ကျပ် ဆိုတော့ မှန်မှန်သွင်းရတယ်။ ဒါပေမယ့် မီးကတော့ မလာဘူး။ ရပ်တော်မူဘုရားတောင် မီးမလင်းတော့ဘူး။ ဒီဘုရားက နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကျိုင်းတုံမှာ တိုင်းမှူးဘ၀က တည်ထားတာပါ။  ကျနော်တို့ကို မီးမပေးချင်နေပါ။ မြို့ရဲ့အထင်ကရ ဒီဘုရားတော့ မီးလာသင့်တယ်။ ကျိုင်းတုံမြို့မှာ မီးမှန်အောင် လုပ်ပေးနိုင်ဖို့ မြို့က ပြည်သူတွေ ရွေးထားတဲ့ အမတ်တွေလည်း ကျိုင်းတုံ မီးလင်းရေးအတွက်လွှတ်တော်မှာ ဆွေးနွေးစေချင်ပါတယ်။ ကျိုင်းတုံမှ စိုင်းလုံ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024