Home
မြန်မာသတင်း
မုံရွာတွင် သေမင်းဝတ်စုံများဝတ်ဆင်ကာ Mask Campaign ပြုလုပ်
Aung Ko Latt
·
May 19, 2020
98204201_1322865267918465_7123686680460001280_n
98138171_1322866434585015_4059927371094949888_o
98010111_1322866411251684_5776575646973034496_o
98006489_1322866457918346_4765733614727987200_o
97956242_1322865217918470_8134051395809574912_o
စစ်ကိုင်းတိုင်ဒေသကြီး၊ မုံရွာမြို့ရှိ ကန်သာယာ ယာယီပျံကျစျေးမှာ Save Monywa အဖွဲ့ကနေ သေမင်းဝတ်စုံတွေနဲ့  Mask Campaign ကို ပြုလုပ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုမှာ  သေမင်းဝတ်စုံ ဝတ်ထားသူတွေက အပြင်ထွက်သွားလာရင် Mask တပ်ကြဖို့ ဆော်သြခဲ့သလို ဒေသတွင်းက Mask ထုတ်နေသူတွေကလည်း အခမဲ့ ပေးဝေခဲ့ကြပါတယ်။ ဦးဆောင်သူ ဦးအောင်နေမျိုးက "အခုနောက်ပိုင်းဆိုရင် လူတွေက သိပ်မကြောက်ကြတော့ဘူး။ အပြင်ထွက်ရင်လည်း Mask တပ်ဖို့ အစိုးရက ညွှန်ကြားထားပေမယ့် လိုက်နာမှု အားနည်းတာတွေ့ရတယ်။ အဲဒီအတွက် အခုလို ကမ်ပိန်းကို ပြုလုပ်တာပါ။ ဒီအတွက် လုပ်နေတုန်းပဲဆိုဆို အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ရမယ်ဆိုတဲ့ အသိတစ်ခုတော့ ရမယ်ထင်ပါတယ်။"လို့ ပြောပါတယ်။ ဒီလှုပ်ရှားမှုကို နောက်နေ့တွေမှာလည်း မုံရွာမြို့က လူစည်ကားရာနေရာတွေမှာအပြင် ချောင်းဦးမြို့က ယာယီပျံကျစျေးတွေမှာလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အစောပိုင်းကာလမှာ အစိုးရ၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေဦးဆောင်ကာ Mask အခမဲ့ပေးဝေတာ၊ ပညာပေးတာတွေပြုလုပ်တာတွေရှိပေမဲ့ ပြည်သူတွေရဲ့လိုက်နာမှုမှာတော့ အားနည်းနေဆဲဖြစ်ပါတယ်။ အစိုးရကတော့ လမ်းဆုံလိုနေရာတွေမှာ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဖို့ ဗွီနိုင်းပိုစတာတွေနဲ့ အသိပေးထားသလို မလိုက်နာပါက အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024