ဘဏ္ဍာရေးအခက်အခဲကြောင့် စမောလင်းကို ရိုးမားအသင်း ခေါ်ယူနိုင်မည်မဟုတ်

ဓာတ်ပုံ - အိုင်ပီအေ
557
ရိုးမားအသင်းဟာ ဘဏ္ဍာရေးအခက်အခဲကြောင့် နောက်ခံလူ စမောလင်းကို ခေါ်ယူနိုင်မှာမဟုတ်ဘဲ လက်လွှတ်ရဖွယ် ရှိနေတယ်လို့ သိရပါတယ်။
မန်ယူနောက်ခံလူ စမောလင်းဟာ အီတလီကလပ် ရိုးမားအသင်းမှာ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ ကစားနေတာပါ။ အသင်းမှာ ခြေစွမ်းပြနေတာကြောင့် ရိုးမားအသင်းက အပြီးသတ် ခေါ်ယူလိုပြီး စမောလင်းကိုယ်တိုင်ကလည်း အီတလီမှာ ဆက်ရှိဖို့ ဆန္ဒရှိနေတာပါ။
အီတလီသတင်းစာ ကောရီယာဟယ်လိုစပေါ့ရဲ့ ဖော်ပြချက်အရ ရိုမားအသင်းဟာ ရာသီဝက်ကာလမှာတင် ပေါင် ၇၇ သန်းခန့် အရှုံးပြနေတာကြောင့် စမောလင်းကို ခေါ်ယူနိုင်ဖို့ မရှိတော့တာဖြစ်တယ်လို့ ဆိုပါတယ်။
စမောလင်းကို အပြီးသတ်ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေးပေးရမယ့်အပြင် သူ့ရဲ့လုပ်ခဟာလည်း တနှစ်ကို ယူရို ၄ သန်း ရှိပါတယ်။
ဒီလို ငွေကြေးကုန်ကျမယ့် အခြေအနေကြောင့် အခုနှစ်ရာသီအကုန်မှာ ရိုးမားအသင်းက စမောလင်းကို မန်ယူအသင်းဆီကို ပြန်လည်စေလွှတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။