စည်းဝါးကျကျမြန်မာအက ကပြသည့် ထိုင်းမင်းသားလေး အွန်လိုင်းပေါ် နာမည်ကြီးနေ (ရုပ်သံ)
DVB
·
May 19, 2020
စည်းချက်ဝါးချက်ကျကျ တီးမှုတ်မှုနဲ့အတူ မြန်မာအကကို ပိုင်ပိုင်နိုင်နိုင်ကပြနေတဲ့ ထိုင်းမင်းသားလေးတယောက်ရဲ့ အကရုပ်သံဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေပါတယ်။
ဒီအကရုပ်သံဗွီဒီယိုဖိုင်ကိုတော့ Kalan Nge Htoo Thant အမည်နဲ့ ဖေ့စ်ဘွတ်ခ် အသုံးပြုသူတယောက်က “ထိုင်းနိုင်ငံမှ မြန်မာမဟုတ်သော မြန်မာ့အလှ #ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားပါ”လို့ ရေးသားပြီး မျှဝေထားခဲ့တာ ဖြစ်ပါတယ်။
ရုပ်သံဗွီဒီယိုထဲမှာတော့ အဆိုပါ မင်းသားလေးဟာ အဖြူရောင်အင်္ကျီ၊ နီညိုရောင် တောင်ရှည်ပုဆိုးနဲ့ ခေါင်းပေါင်းအပါအဝင် မင်းသားဝတ်စုံပြည့်နဲ့ ကပြဖျော်ဖြေနေခဲ့တာပါ။
မြူးကြွတဲ့ တီးခတ်မှုနဲ့ သူကပြဖျော်ဖြေနေတာကို ဘေးက ထိုင်းရိုးရာဝတ်စုံတွေနဲ့ လက်ခုပ်တီး အားပေးနေကြတာတွေကိုလည်း တွေ့ရပြီး ဒါဟာ ထိုင်းနိုင်ငံတနေရာရာမှာ ရိုက်ကူးထားပုံရပါတယ်။
လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုသူ၊ မှတ်ချက်ပေးသူ၊ ပြန်လည်မျှဝေသူတွေ ထောင်သောင်းချီ ရှိနေပြီး အွန်လိုင်းပေါ်မှာ ရေ ပန်းစားနေတာ ဖြစ်ပါတယ်။