Home
မြန်မာသတင်း
အင်းလေးကန်ရေဝေရေလဲဒေသ တောင်ကတုံးများတွင် သစ်စေ့မြေလုံးများ ဆူးထိုးစိုက်ပျိုး
DVB
·
May 18, 2020
98067643_933644640411177_2823210118240272384_o
97965307_933644103744564_5376252319522357248_o
96943065_933643507077957_6836651851404804096_o
96782836_933644790411162_3735038895021096960_o
96517214_933643737077934_2172407639571431424_o
ရှမ်းပြည်နယ်တောင်ပိုင်းက အင်းလေးကန် ရေရှည်တည်တံ့ထိန်းသိမ်းနိုင်ရေးအတွက် အင်းလေးကန်ရေဝေရေလဲဒေသအတွင်းရှိ တောင်ကတုံးတခုဖြစ်တဲ့ ရန်အောင်မြင်တောင်ကုန်းမှာ သစ်စေ့မြေလုံး (seed ball) တွေ ဆူးထိုးစိုက်ပျိုးခဲ့ကြပါတယ်။ အင်းလေးအရှေ့သစ်တောကြိုးဝိုင်းအတွင်းရှိ ရန်အောင်နမင်တောင်ကုန်းမှာ သစ်စေ့ ၇၂၀၀ ပါဝင်တဲ့ သစ်စေ့မြေလုံး ၂၄၀၀၀ ကို ကိုးပေပတ်လည်အကွာ ဆူးထိုးစိုက်ပျိုးခဲ့ပြီး အခြားသစ်စေ့မျိုးစုံ ၆၃၀၀၀ ကိုလည်း ကြဲပက်စိုက်ပျိုးခဲ့တယ်လို့ ရှမ်းပြည်နယ်သဘာသယံဇာတနှင့် သစ်တောဦးစီးဌာနက ထုတ်ပြန်ကြေညာပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ ကမ္ဘာလှည့်ခရီးသွားအများဆုံး လာရောက်လည်ပတ်ရာ အင်းလေးကန်အတွင်း စီးဝင်တဲ့ နမ့်ကွတ်ချောင်းရေ ခန်းခြောက်မှုကြောင့် အခုနှစ်နွေရာသီအတွင်း အင်းလေးကန်ရေခန်းခြောက်မှုတွေ ရှိနေတာကြောင့် တောင်ကြီးခရိုင်အတွင်းရှိ အင်းလေးရေဝေရေလဲဧရိယာအတွင်းက ​ညောင်ရွှေ၊ တောင်ကြီး၊ ကလော၊ ဖယ်ခုံ၊ ပင်းတယမြို့နယ်တွေမှာ အခုနှစ်မိုးရာသီ သစ်စေ့မြေလုံး ၁၇၀၀၀၀ ကို စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။ အောင်ဇေယျ၊ Photo crd:Shan State Forest Department
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024