DVB Logo
Home
မြန်မာသတင်း
ဒီကေဘီအေနှင့် နယ်ခြားစောင့်တပ် ပစ်ခတ်
DVB
·
April 29, 2013
ဒီကေဘီအေနှင့် နယ်ခြားစောင့်တပ် ပစ်ခတ်
1 / 2
Donate to DVB

ဒီရက်ပိုင်းအတွင်း ဒီကေဘီအေ (ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်) နဲ့ နယ်ခြားစောင့် တပ်ဖွဲ့တွေကြား ပစ်ခတ်မှုတွေ ဖြစ်ပွားနေပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာမှာ  ဧပြီ ၂၇ နဲ့ ၂၈ ရက်နေ့က ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒီကေဘီအေ ကလို့ထူးဝါးတပ်မဟာက ထောက်လှမ်းရေးမှူး ဗိုလ်ကြီး တရီးထူးက ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_38894" align="alignleft" width="300" caption="ဒီကေဘီအေတပ်ဖွဲ့ဝင်တချို့"][/caption]

“ည ၁၀ နာရီကျော်ကျော်မှာ ကုန်းပေါ်ကနေတက်ပြီး ကျနော်တို့အဖွဲ့ကို အာပီဂျီနဲ့ ပစ်တယ်။ နီးလာတော့ ကျနော်တို့အဖွဲ့က သူတို့ကို ဖောက်လိုက်တယ်။ အဲတော့ သူတို့က လန့်ပြီး ကျနော်တို့ကိုပစ်တော့ ကျနော်တို့လည်း ပြန်ပစ်တယ်။ ဒီကေဘီအေကတော့ အဲ့မြို့မှာနေထိုင်နေတာ လူအင်အား ၃၀ ကျော်လောက်တော့ရှိတယ်။ ဒဏ်ရာရ၊ သေဆုံးတာ တယောက်မှမရှိသေးဘူး။ နယ်ခြားစောင့်တပ်က ဒဏ်ရာရနဲ့ သေတာ ၄၀ ကျော်လောက်တော့ ရှိပါပြီ။”

ဒီပြဿနာအစဟာ အဖွဲ့အစည်းကြောင့် ဖြစ်ရတာမဟုတ်ဘဲ ဒီကေဘီအေအဖွဲ့ဝင် တဦးကနေပြီး    သူ့သဘောနဲ့ သူ နယ်ခြားစောင့်တပ်ကို တားဆီးပစ်ခတ်ခဲ့တာဖြစ်ကြောင်း၊ ဒါကြောင့် သူကို တရားဥပဒေအတိုင်း စီရင်ဖို့ အစိုးရလက်ထဲ လွှဲအပ်ပေးခဲ့ပြီးဖြစ်တယ်။ ဒါကို နယ်ခြားစောင့်တပ်ဘက်က အင်အားသုံးပြီး လာမတိုက်သင့်ဘူးလို့ ဗိုလ်ကြီး တရီးထူးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့က ယောပုထရွာနဲ့ ကမမောင်းရွာကြား  သောင်းရင်းမြစ်ထဲမှာ အမှတ် ၁၀၁၄ နယ်ခြားစောင့်တပ် စက်လှေ ၁ စီး ၀င်ရောက်လာရာမှာ  ဒီကေဘီအေဂိတ်က တပ်သားတဦးက ဟန့်တားခဲ့ပါတယ်။ နယ်ခြားစောင့်တပ်က ရပ်မပေးတဲ့အတွက် အဲဒီတပ်သားက သေနတ်နဲ့ လှမ်းပစ်လို့ နယ်ခြားစောင့်တပ်သားတဦး သေဆုံးခဲ့ပါတယ်။ အဲဒီကစပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ဧပြီ ၂၇ ရက်နေ့ ညနေပိုင်းမှာ နယ်ခြားစောင့်တပ်ဘက်က တပ်ရင်း ၄ ရင်း  လူအင်အား ၁၀၀  ကျော်က  မြိုင်ကြီးငူဒေသ ကျီးဘုရား ဘုန်းကြီးကျောင်းနားမှာရှိတဲ့ ဒီကေဘီအေ အင်အား ၃၀ ကျော်ကို ၀ိုင်းထားပြီး  အဲဒီည  တညလုံးနဲ့ ၂၈ ရက်နေ့ မနက်ပိုင်းမှာရော၊ ဧပြီ ၂၉ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်အထိ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒေသခံတဦး ပြောကြားချက်အရ နှစ်ဘက်တပ်ပစ်ခတ်မှုမှာ အရပ်သား ၂ ယောက်ကို လက်နက်ကြီးစ ထိမှန်ခဲ့ပြီး အခုဆိုရင် မြိုင်ကြီးငူမှာ ရွာသားတွေ မနေရဲကြတော့ဘဲ ကမမောင်းနဲ့ အုန်းတောရွာဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်။ မြိုင်ကြီးငူတ၀ိုက် ကုန်းကြောင်းရော ရေကြောင်းပါ အသွားအလာတွေလည်း ရပ်ထားတယ်လို့ ဆိုပါတယ်။

ဒီကေဘီအေဘက်က အစိုးရအနေနဲ့ ဒီကိစ္စကို ၀င်ရောက်ညှိနှိုင်းပေးစေလိုတယ်လို့ ဗိုလ်ကြီး တရီးထူးက ပြောပါတယ်။

ဒီကေဘီအေနဲ့ နယ်ခြားစောင့်တပ်ကြား ပစ်ခတ်မှုဖြစ်ပွားတဲ့အကြောင်းကို အိမ်နီးချင်း ထိုင်းသတင်းဌာနတွေမှာလည်း ဖော်ပြထားပါတယ်။ ဒီကေဘီအေဘက်က ထောင်ထားတဲ့ မိုင်းနင်းမိတဲ့အတွက် နယ်ခြားစောင့်တပ်က ၅၀ ကျော် ဒဏ်ရာရပြီး ၁ ဦး သေဆုံးကြောင်း၊  ပြဿနာတွေ ပြေလည်အောင် ဒီကေဘီအေ  ခေါင်းဆောင် ဗိုလ်ချုပ်စောလားဘွယ်နဲ့ နယ်ခြားစောင့်တပ်ခေါင်းဆောင် ဗိုလ်မှူး စောချစ်သူတို့ကြား ၀င်ရောက်ညှိနှိုင်းပေးဖို့ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းကို အစိုးရက ညွှန်ကြားထားကြောင်းလည်း ဧပြီ ၂၉ ရက်နေ့ နေ့စွဲနဲ့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013