Home
မြန်မာသတင်း
ရေကြည်မြို့တွင် မီးလောင်မှုကြောင့် နေအိမ် ၂ လုံး ဆုံးရှုံး
DVB
·
May 18, 2020
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မြို့မရပ်ကွက်မှာ မေလ ၁၇ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားပြီး  အသက် ၇၅ နှစ်အရွယ် အဘွားအိုရဲ့ နေအိမ်အပါအဝင် နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြို့မရပ်ကွက်၊ ကြိမ်ချောင်းပိုင်းနေ အသက် ၇၅ နှစ်အရွယ် ဒေါ်မြကြည်ရဲ့ နေအိမ် မီးဖိုဆောင်မှာ ရေနွေးအိုးတည်ရာက ည ၈ နာရီ ၁၈ မိနစ်အချိန်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ည ၈ နာရီ ၂၅ မှာ မီးငြှိမ်းသတ်နိုင်ခဲ့ကာ နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ရေကြည်မြို့ နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ "မီးစလောင်တာက ထင်းနဲ့ ရေနွေးအိုးတည်ရာကနေ နံရံကိုမီးစွဲပြီး စလောင်တာ၊ ၃ ပင် ၂ ခန်းတွဲ ၂ အိမ် မီးလောင်သွားတယ်၊ အိမ်ပိုင်ရှင်ကိုတော့ စခန်းမှာ အမှုဖွင့်အရေးယူသွားမှာပါ"လို့ ရေကြည်မြို့မရဲစခန်းက တာဝန်ရှိသူက ပြောပါတယ်။ မီးလောင်တဲ့နေရာကို ရေကြည်မြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ယာဉ် ၂ စီး၊ မီးသတ် တပ်ဖွဲ့ဝင် ၁၀ ဦးနဲ့အတူ သွားရောက်မီးငြှိမ်းသတ်ခဲ့တာကြောင့် အချိန် ၁၂ မိနစ်ကြာ မီးလောင် ကျွမ်းခဲ့ပြီး နေအိမ် ၂ လုံးမီးလောင်ဆုံးရှုံးခဲ့ကာ အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင် အသက် ၇၅ နှစ် အရွယ် ဒေါ်မြကြည်ကို ရေကြည်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့  ရဲတပ်ဖွဲ့က သိရပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024