A d v e r t i s e m e n t With Us

လွှတ်တော်အမတ်များ ဒေသဖွံ့ဖြိုးရေးလုပ်ရန် သိန်း ၁ ထောင်ချပေးမည်

လွှတ်တော်အမတ်တွေ ပြည်သူကြားမှာ ဂုဏ်သိက္ခာရှိစေဖို့အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းမှာ အသုံးပြုဖို့  မြို့နယ်တမြို့နယ်ကို ကျပ်ငွေ သိန်း ၁ ထောင် ချပေးမယ်လို့ သင်္ဃန်းကျွန်း အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ဒီဗွီဘီကို ပြောပါတယ်။ ဒီငွေကို ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် ချပေးမှာဖြစ်ပြီး မြို့နယ်ထဲက အမတ်တွေ ညှိနှိုင်းတိုင်ပင် အကောင်အထည်ဖော်ရမယ်လို့ သူက ပြောပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ အမတ်တချို့ အိန္ဒိယလွှတ်တော် လေ့လာရေးခရီးစဉ်အတွင်း အိန္ဒိယမှာ လုပ်နေတဲ့ ဒီပုံစံကို သဘောကျလို့ အလားတူ အကောင်အထည်ဖော်တာဖြစ်ကြောင်း သူက ရှင်းပြပါတယ်။ ဒီငွေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ပြီးရင် သက်ဆိုင်ရာ အမတ်တွေရဲ့ ဆောင်ရွက်ချက်အဖြစ် အဲဒီ မဲဆန္ဒနယ်မြေမှာ ကမ္ပည်းစာရေးထိုး မှတ်တမ်း တင်ထားမယ်လို့ ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up