Home
မြန်မာသတင်း
ရန်ကုန်ရွှေဈေးကွက် ပြန်လည်ဖွင့်လှစ် 
ပိုင်စိုး
·
May 18, 2020
ပြီးခဲ့တဲ့ ၂ လလောက် ပိတ်ထားခဲ့တဲ့ ရန်ကုန်ရွှေဈေးကွက်ကို ဒီနေ့မနက် စဖွင့်လိုက်ပြီး အရောင်းအဝယ်ကတော့ ပုံမှန်ပဲလို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင် အသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။ ဒီနေ့ ဈေးကွက်ပြန်အဖွင့်နေ့မှာတော့ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၁,၂၃၆,၀၀၀ ဖြစ်ပါတယ်။ အသင်းရဲ့ စည်းရုံးရေးမှူး ဦးအေးချိုက “ကျန်းမာရေးနဲ့ ညီညွတ်အောင် ရုံးခန်းထဲ မဝင်ခင် အပူချိန်တိုင်းတယ်။ လက်ဆေးရတယ်။ နှာခေါင်းစည်းတပ်ရတယ်။ အထဲမှာလည်း လူအများကြီး မဝင်ခိုင်းဘဲ ခွဲပြီး ၃ ပေကွာလောက် ထိုင်ခိုင်းပါတယ်” လို့ ပြောပါတယ်။ ရွှေလုပ်ငန်းရှင်များအသင်းရုံးခန်းထဲမှာ အစားအသောက်စားတာကို ခွင့်မပြုသလို အတက်အဆင်းလှေကားတွေမှာလည်း တယောက်စီ ဆင်းကြဖို့၊ ရပ်နေတာမလုပ်ဖို့ စတာတွေကို ညွှန်ကြားထားပါတယ်။ COVID-19 ရောဂါကြောင့်ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းရုံးကို မတ် ၂၉ ကစလို့ ပိတ်ခဲ့တာဖြစ်ပါတယ်။ ဆိုင်တွေလည်း ပိတ်ထားကြရလို့ တချို့ရွှေဆိုင်တွေကတော့ အိမ်အရောက်ပို့ စနစ်နဲ့ အွန်လိုင်းကနေ ရောင်းချနေကြတာကို တွေ့ရပါတယ်။ ဒီကြားထဲမှာတော့ ဈေးကွက်ပေါက်ဈေးသတ်မှတ်ခဲ့တာမရှိဘဲ မတ် ၂၇ ရက် နောက်ဆုံးဈေးက အခေါက်ရွှေတကျပ်သားကို ကျပ် ၁,၁၆၄,၅၀၀ ကျပ်ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024