ဘိုင်ယန်မြူးနစ်က ယူနီယံဘာလင်ကို အနိုင်ရပြီး အမှတ်ပေးဇယား ဆက်လက်ဦးဆောင်

ဓာတ်ပုံ-ရိုက်တာ
538
ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ် ၂ ပွဲကို တနင်္ဂနွေနေ့က ဆက်လက်ယှဉ်ပြိုင်ခဲ့ရာမှာ ဘိုင်ယန်မြူးနစ်အသင်းက နိုင်ပွဲရခဲ့ပြီး ကိုလုံးနဲ့ မိန့်ဇ် အသင်းတို့ တဖက် ၂ ဂိုးစီ သရေကျခဲ့ပါတယ်။
အစောပိုင်းပွဲစဉ်မှာ ကိုလုံးအသင်းက အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ ဦးဆောင်ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၂ ဂိုး ပြန်ပေးလိုက်ရလို့ သရေကျခဲ့တာပါ။
ပွဲစဉ် ၂၅ ရဲ့ နောက်ဆုံးပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ်က ယူနီယံဘာလင်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ အဝေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။
ပွဲချိန် မိနစ် ၄၀ မှာ လီဝန်ဒေါစကီးက ပင်နယ်တီကနေ ဦးဆောင်ဂိုး စတင်သွင်းခဲ့ပြီး ဒုတိယပိုင်း ၈၁ မိနစ်မှာ နောက်ခံလူ ပါဗက်ဒ်က ဘိုင်ယန်အတွက် ဒုတိယဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။
ဒီပွဲအနိုင်ကြောင့် ဘိုင်ယန်မြူးနစ်အသင်းက အမှတ်အပေးဇယားဒုတိယေနရာက ဒေါ့မွန်အသင်းကို ၄ မှတ်ဖြစ်ပြီး အဆင့်တစ်နေရာမှာ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။
ဘွန်ဒက်စ်လီဂါပြိုင်ပွဲဟာ ဥရောပထိပ်တန်းလိဂ်တွထဲမှာ ပထမဆုံးပြန်လည် ကျင်းပနိုင်ခဲ့တဲ့ လိဂ်ပြိုင်ပွဲဖြစ်ပါတယ်။