
Lead Story ကျန်းမာရေး နိုင်ငံတကာ ဝူဟန် ကိုရိုနာဗိုင်းရပ်စ် သတင်း
COVID-19 လူနာ ၄၀,၀၀၀ ကျော်ရှိလာသဖြင့် ချီလီနိုင်ငံ လမ်းများတွင် လူသူရှင်းနေ

Email This Story :
COVID-19 အတည်ပြုလူနာဦးရေ ၄၀,၀၀၀ ကျော်လာပြီးတဲ့နောက် ချီလီနိုင်ငံ မြို့တော်စန်တီယေဂိုရဲ့ လမ်းမတွေဟာ မေ ၁၆ ရက်က လူသူကင်းရှင်းနေတာကို တွေ့ရပါတယ်။
အခုသီတင်းပတ်အစောပိုင်းမှာပဲ အစိုးရက မြို့တော်တခုလုံးမှာ အသွားအလာ ကန့်သတ်တာကို မေ ၁၅ ရက်မှာ စတင်မယ်လို့ ကြေညာခဲ့တာပါ။
စန်တီယေဂိုမြို့တော်ဟာ လူဦးရေ ၆ သန်းခွဲလောက် ရှိပါတယ်။
မြို့တော်ရဲ့အနားက မြို့တွေမှာ အီတလီနဲ့ အာရှက ပြန်လာတဲ့သူတွေကြား ပထမဆုံး အတည်ပြုလူနာကို တွေ့ခဲ့တာမို့ တမြို့လုံးကို Quarantine လုပ်ထားရတာပါ။
ချီလီမှာ COVID-19 အတည်ပြုလူနာဦးရေဟာ ၄၁၄၂၈ ဦးရှိပြီး သေဆုံးသူ ၄၂၁ ဦး ရှိကာ ၁၈၀၁၄ ဦး နေပြန်ကောင်းလာတယ်လို့ ရိုက်တာသတင်းက မေ ၁၇ ရက်မှာ ဖော်ပြပါတယ်။