DVB Logo
Home
မေးမြန်းခန်း
ရွှေဆိုင်ပဋိပက္ခ ပါဝင်သူ ၃ ဦးကို ထောင် ၁၄ နှစ် ချမှတ်မှု ရှေ့နေဦးကိုနီရဲ့ သုံးသပ်တင်ပြချက်
DVB
·
April 28, 2013
ရွှေဆိုင်ပဋိပက္ခ ပါဝင်သူ ၃ ဦးကို ထောင် ၁၄ နှစ် ချမှတ်မှု ရှေ့နေဦးကိုနီရဲ့ သုံးသပ်တင်ပြချက်
Donate to DVB

ပြီးခဲ့တဲ့ မတ်လအတွင်း ပဋိပက္ခစတင်ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ နယူးဝိန့်စိန် ရွှေဆိုင်က ၃ ဦးကို မိတ္ထီလာမြို့နယ် တရားရုံးက ဧပြီ ၁၁ ရက်နေ့က ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်တာဟာ မဖြစ်သင့်ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဝေဖန်လိုက်ပါတယ်။

ဧပြီ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဒီအမှုကို မိတ္ထီလာမြို့ အမှတ် ၂ ရဲစခန်းမှာ အမှုဖွင့်ပြီး ဧပြီ ၅ ရက်နေ့မှ စတင်ကာ မြို့နယ်တရားရုံးမှာ ပြစ်မှုကြီးအမှတ် ၁၁၇၈/ ၂၀၁၃ ဖြင့် ကြားနာစစ်ဆေးပြီး အသိသက်သေ ၁၃ ဦးနဲ့ စစ်ဆေးခဲ့တယ်လို့ ပါရှိပါတယ်။

တရားခံတွေကတော့ ဦးထွန်းထွန်းဦး (ခ) အာရှစ်နဲ့ အလုပ်သမား ညီညီ (ခ) မင်းအောင်တို့ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈၂၊ ၃၂၅ နဲ့ ၃၂၄ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၄ နှစ်၊ ရွှေဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်အေးကို ပုဒ်မ ၃၈၂၊ ၃၂၅/ ၁၁၄ နဲ့ ၃၂၄/၁၁၄ အရ အလုပ်နဲ့ ထောင်ဒဏ် စုစုပေါင်း ၁၄ နှစ်စီ ကျခံစေဖို့ တရားရုံးက ချမှတ် စီရင်လိုက်တယ်လို့ ဆိုပါတယ်။

ဒီ ၃ ဦးကို ပြစ်ဒဏ်ချမှတ်မှုနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးကိုနီက မျှတတဲ့စီရင်ချက် မဟုတ်ဘူးလို့ ရှင်းလင်း သုံးသပ်ပြပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013