A d v e r t i s e m e n t With Us

ရွှံ့ဗွက်အိုင်ထဲ ၅ နာရီကြာ နစ်နေသည့် မြင်းမလေးကို ကယ်တင်ပေးခဲ့ရ

ဗွက်အိုင်ထဲ ပြုတ်ကျသွားတဲ့ မြင်းမလေးတစ်ကောင်ကို Help Alberta Wildes ကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ရေးသမားတွေက မေ ၆ ရက်နေ့မှာ ကယ်တင်ပေးခဲ့ရပါတယ်။  ဒီဖြစ်ရပ်ဟ ကနေဒါနိုင်ငံ ဆန်ဒရီမှာ  ဖြစ်ခဲ့တာပါ။ မြင်းမလေးဟာ ကယ်ဆယ်ရေးသမားတွေ မလာခင် ၅ နာရီကြာ ဗွက်အိုင်ထဲ ရောက်ရှိနေခဲ့တာဖြစ်ပြီး သူ့ကို ဝန်ချီစက်တွေနဲ့ ၄၅ မိနစ်ကြာ ဂရုတစိုက် ကယ်ဆယ်ပေးခဲ့ရပါတယ်။  “သူ့ကိုဗွက်အိုင်ထဲက မတင်ပြီးပြီးခြင်း ဒီမြင်းလေးဟာ မြက်တွေကို စစားတော့ပါပဲ။ သူ တော်တော်ဆာလောင်နေပုံရပါတယ်။ ဗွက်အိုင်ထဲရောက်နေတဲ့ ဒီမြင်းမလေးကို ကျနော့်အမျိုးသမီးက စတွေ့ခဲ့တာဖြစ်ပြီး သူ့ကို Faith လို့ နာမည်ပေးထားပါတယ်။ အရမ်းကို ကံကောင်းတဲ့ မြင်းကလေးပေါ့” လို့ မြင်းလေးကို ကယ်ဆယ်ခဲ့တဲ့အဖွဲ့ထဲ ပါဝင်သူတဦးက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up