DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် သန်းခေါင်စာရင်းကောက်ယူရာတွင် ပြဿနာဖြစ်
DVB
·
April 26, 2013
Donate to DVB

ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူမှုမှာ ဘင်္ဂါလီလူမျိုးမဟုတ်ဘဲ ရိုဟင်ဂျာလူမျိုးသာဖြစ်တယ်လို့ အငြင်းပွားရာက သေနတ်ပစ်ဖောက် ထိန်းသိမ်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်းနေထိုင်တဲ့ ဘဂါင်္လီလူမျိုးတွေကို အိမ်ထောင်စုစာရင်း စစ်ဆေးရေး (ဆွဲ၊ တင်၊ စစ်) လုပ်ငန်းစီမံချက်နဲ့ စပ်လျဉ်းတဲ့ ညှိနှိုင်းဆွေးနွေးပွဲကို ဧပြီလ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရရုံးအစည်းအဝေးခန်းမမှာ ကျင်းပပြီး ရက်ပိုင်းအကြာ စီမံချက် စတင်အကောင်အထည်ဖော်တဲ့ နေ့မှာ ပြဿနာဖြစ်ပွားတာပါ။

ရခိုင်ပြည်နယ် စစ်တွေမြို့က  အုန်းတောကြီးကျေးရွာနဲ့ သက်ကယ်ပြင်ကျေးရွာ၊ သဲချောင်း စတဲ့ အစ္စလာမ်သာသာဝင်တွေ နေထိုင်တဲ့ ကျေးရွာတွေမှာ ဖြစ်ပွားတာပါ။

စစ်တွေမြို့နေ ရခိုင်တိုင်းရင်းသားတဦးက ဒီကနေ့ မွန်းတည့်ပိုင်းလောက်က အခြေအနေကို ခုလို ပြောပြပါတယ်။

“အဖွဲ့တွေခွဲပြီး စစ်ဆေးဖို့သွားပါတယ်။ အစစ်ဆေးမခံတဲ့အပြင် သူတို့ဟာ ဘင်္ဂါလီမဟုတ်ဘူး၊ ငါတို့ဟာ ရိုဟင်ဂျာ၊ အဲလိုမျိုးပြောတယ်။ ဓာတ်ပုံရိုက်မယ်ဆိုလည်း သူတို့က အရိုက်မခံဘူး။ အဲလိုဖြစ်တာက တရွာတည်းမှာမဟုတ်ဘူး။ သက်ကယ်ပြင်ဖြစ်တယ်၊ သဲချောင်းမှာလည်းဖြစ်တယ်။ အမှန်က ရိုးရိုးသားသား စစ်ဆေးတာ။ ဒါကို သူတို့ အစစ်ဆေးမခံဘူး။ အဲဒီထဲမှာ ရိုဟင်ဂျာ ရိုဟင်ဂျာဆိုပြီး အော်သေးတယ်။ သက်ကယ်ပြင်မှာဆိုရင် စစ်ဆေးတဲ့အဖွဲ့တွေကို ခဲတွေနဲ့ ပေါက်တာ။ လောလောဆယ် ဖမ်းတာ ဆီးတာတော့ မရှိသေးဘူး။ ဒါပေမယ့် အဲဒီဘက်ကို ရဲက လုံထိန်ကားတွေ ထွက်သွားတယ်။”

သက်ယယ်ပြင်ကျေးရွာနေ မွတ်သလင်တဦးကို မေးမြန်းရာမှာ ဒီမနက် ၁၀ နာရီမှာ လ၀က၊ နစက၊ ရဲအပါအ၀င် ပူးပေါင်းအဖွဲ့ဟာ သက်ကယ်ပြင်ကျေးရွာကို အစုအဝေးနဲ့ ရောက်လာပြီး စာရင်းကောက်ရာမှာ ပြဿနာတက်တာလို့ ပြောပါတယ်။

“သူတို့အဖွဲ့ ၁၈ ဖွဲ့ခွဲတယ်။ ခွဲပြီးတော့ ဒုက္ခသည်စခန်းတွေထဲ တအိမ်တက် တအိမ်ဆင်း လိုက်ဝင်ကြတယ်။ မိသားစုတွေကို ဓာတ်ပုံရိုက်တယ်၊ ပြီးတော့ အစစ်ဆေးခံရမယ်၊ ဘင်္ဂါလီလို့ ရေးမယ်ဆိုပြီး အတင်းအဓမ္မလုပ်နေတာ။ မွတ်စလင်က ကျနော်တို့ ဘင်္ဂါလီတွေမှမဟုတ်တာ၊ ရိုဟင်ဂျာတွေဆိုမှ အစစ်ဆေးခံမယ်ဆိုပြီး ပြောတယ်။ နောက် ကျနော်တို့ ဘင်္ဂါလီမဟုတ်ပါဆိုပြီး အော်ကြတယ်။ ရဲက သေနတ်ဖောက်တော့ အကုန်လုံး ထွက်ပြေးကြတယ်။ ရဲ၊ နစက၊ စစ်တပ်ရော အားလုံး ကားတွေ ၁၅ စီးလောက်လာတာ သက်ကယ်ပြင်ကို။”
ဒါနဲ့ပတ်သက်လို့ ပြည်နယ်အစိုးရ အတွင်းရေးမှူးရုံးကိုခေါ်ရာမှာ ဖြေဆိုနိုင်ခြင်းမရှိသေးဘဲ ပြည်နယ်အစိုးရ ပြန်ကြားရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးဝင်းမြိုင်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013