ရခိုင်ပြည်နယ်နှင့်မန္တလေးတိုင်းတို့တွင် ယနေ့နံနက် ငလျင် ၃ ကြိမ်လှုပ်
DVB
·
May 17, 2020
ရခိုင်ပြည်နယ် သံတွဲနဲ့ မန္တလေးတိုင်း ရမည်းသင်းမြို့တို့မှာ ဒီနေ့မနက်ပိုင်းမှာ ငလျင် ၃ ကြိမ် လှုပ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
အနောက်မြောက်ဘက်မှာ အင်အား ၄.၄ အဆင့်ရှိ မြေငလျင် လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီနေ့ မြန်မာစံတော်ချိန် ၁၁ နာရီ၊ ၀၂ မိနစ်၊ ၁၄ စက္ကန့် အချိန်က ရမည်းသင်းမြို့ရဲ့ အနောက်မြောက်ဘက် ၅ မိုင် လောက်အကွာကိုဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၄ ဒသမ ၄ အဆင့် အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
ဒီမနက် ၅ နာရီခွဲလောက်ကလည်း ရမည်းသင်းရဲ့ အနောက်မြောက်ဘက် ၁ မိုင်လောက်အကွာကိုဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၃ အဆင့် အင်အားနည်းနည်းရှိတဲ့ ငလျင်တခု လှုပ်ခဲ့ပါတယ်။
ဒီ မနက် ၇ နာရီ ၈ မိနစ်ကျော်က ရခိုင်ပြည်နယ် ဂွမြေငလျင်စခန်းရဲ့ မြောက်-အနောက်မြောက်ဘက် ၅၉ မိုင်လောက်ဝေးတဲ့ သံတွဲမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၁၉ မိုင်လောက်အကွာ ဗဟိုပြုပြီး ရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့် အင်အားနည်းနည်းရှိတဲ့ ငလျင်တခုလည်း လှုပ်ခဲ့ပါသေးတယ်။