A d v e r t i s e m e n t With Us

အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်ခံရပါက အကူအညီတောင်းနိုင်

လူကုန်ကူးမှုနဲ့ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှုကြုံရတဲ့အခါ အကူအညီတောင်းခံနိုင်တယ်လို့ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။ လူကုန်ကူးမှုနဲ့ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှုကြုံရတဲ့အခါ လူမျိုးဘာသာမရွေး အကူအညီတောင်းခံနိုင်တယ်လို့ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ “ကရင်အမျိုးသမီးအဖွဲ့အစည်းဆိုပေမယ့် လူမျိုးမရွေး ဘာသာမရွေးပါဘူး။ အမျိုးသမီးတွေ အနေနဲ့ မုဒိမ်းမှုတို့လို၊ အိမ်ဖော်အမျိုးသမီးတွေ အကြမ်းဖက်ခံရတာမျိုးဆိုရင် ကျမတို့ ကူညီပေးတယ်။ လင်မယားကွာရှင်းချင်တာမျိုးတွေမှာတော့ အကြံဥာဏ်ပဲပေးပါတယ်။ လူကူန်ကူးမှုကိုတော့ အမျိုးသားမရွေး အမျိုးသမီးမရွေး ကူညီပေးပါတယ်။” အမျိုးသမီးတွေ အကြမ်းဖက်ခံရတဲ့ကိစ္စရပ်နဲ့ ပတ်သက်ပြီး အကာအကွယ်ပေးနိုင်မယ့် ဥပဒေတရပ်ကိုလည်း လွှတ်တော်မှာ တင်သွင်းသွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့များ ကွန်ရက်နာယက ဒေါ်စူဇန်နာလှလှစိုးက ပြောပါတယ်။ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအသင်းကို ၂၀၀၃ ခုနှစ်က ကရင်အမျိုးသမီးခေါင်းဆောင်တွေက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး တဦးချင်းအလှူငွေ၊ ဥရောပနိုင်ငံတွေနဲ့ သံရုံးတွေကအလှူငွေတွေနဲ့ အမျိုးသမီးများအရေးကို ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဆက်သွယ်တိုင်ကြားလိုသူတွေအနေနဲ့  ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဖုန်းနံပါတ် - ၀၉ ၈၅၇ ၅၂၂၅ ကို တိုင်ကြားနိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up