Home
သတင်းဓာတ်ပုံ
ပြည်သူတွေရဲ့ Mask ပြိုင်ပွဲ (ဓာတ်ပုံ)
DVB
·
May 16, 2020
YM270868
YM270863
YM270860
YM270843
YM270840
YM270835
YM270825
YM270837
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ဖိတ်ခေါ်ထားတဲ့ ကိုယ်တိုင်ဖန်တီးတဲ့ Mask နှာခေါင်းစည်းချုပ်ပြိုင်ပွဲကို မေ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပြုလုပ်သွားပြီး ပို့စ်အောက်မှာ တင်ထားခဲ့တဲ့  ပြည်သူ အနှစ်သက်ဆုံးဖြစ်တဲ့ Like အများဆုံး ရရှိသူ ၃ ဦးကို ရွေးချယ်ကာ ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ချုပ်လုပ်ထားတဲ့ နှာခေါင်းစည်း Mask ကို မေလ ၁၃ ရက်နေ့က တင်ထားခဲ့ပြီးနောက် ယင်းပို့စ်အောက်မှာ ထင်ရှားကျော်ကြားသူတွေနဲ့အတူ ပြည်သူတွေက အားကျိုးမာန်တက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ လတ်တလော COVID-19 ကပ်ဘေးကာလမှာ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်း အနားတွေကို ရှောင်ကြဉ်ကြဖို့ အရေးပါသလို အပြင်ကို ထွက်ချိန်မှာလည်း  Mask တပ်ကြဖို့ အစိုးရနဲ့ ကျန်းမာရေးအဖွဲ့က  အကြိမ်ကြိမ် တိုက်တွန်း ပြောကြားထားပါတယ်။ အဝတ် Mask တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ခြင်းမရှိကြောင်း ပြောနေကြသလို တကယ်လက်တွေ့ လမ်းမပေါ်မှာ နေ့စဉ်သွားလာနေတဲ့ ပြည်သူတွေရဲ့ Mask တပ်ဆင်နေပုံတွေ၊ ဘဝတွေအကြောင်း ရိုက်ကူးတင်ပြလိုက်ပါတယ်။ Photo - Ye Myo Khant / MPA  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024