DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်းမှာ ကိုယ်လယ်ကိုယ်လုပ်ခွင့်ရရေး တောင်းဆိုဆန္ဒပြ
DVB
·
April 26, 2013
လက်ပန်းတောင်းမှာ ကိုယ်လယ်ကိုယ်လုပ်ခွင့်ရရေး တောင်းဆိုဆန္ဒပြ
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင်မှာ ရာနဲ့ချီတဲ့ လက်ပန်းတောင်းတောင်ဒေသခံတွေဟာ သူတို့လယ်တွေမှာ လယ်ထွန်ခွင့်ရဖို့နဲ့ မနေ့က ရဲနဲ့အဓိကရုဏ်းဖြစ်ပြီး ဖမ်းဆီးခံရသူ ၃ ဦးကို ပြန်လွှတ်ပေးဖို့ တုံရွာစုရပ်ကနေ ညောင်ပင်ကြီးရဲစခန်းရှေ့ကို ချီတက်တောင်းဆိုကြပါတယ်။

၁၂ နာရီခွဲလောက်နေ ထွက်ခွာတဲ့ သူတို့လူအုပ်တန်းကို တုတ်၊ ဒိုင်း၊ သေနတ် အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့က မကျော်ဖို့ စည်းသုံးစည်းကိုတားပြီး ဆိုင်းဘုတ်ချ တားမြစ်ခဲ့ပါတယ်။

[caption id="attachment_38836" align="alignleft" width="300" caption="Photo_ KO Han Win Aung"][/caption]ဆန္ဒပြခေါင်းဆောင်တဦးက “ကျနော်တို့က လက်ပန်းတောင်းတောင် စီမံကိန်းလုံးဝဖျက်သိမ်းရေး၊ ကိုယ့်လယ်မှာ ကိုယ်ပြန်စိုက်ပျိုးရေး၊ မနေ့က ဖမ်းဆီးထားတဲ့ ကိုအောင်စိုး၊ ကိုစိုးသူနဲ့ ကိုဆန်းတို့ကို ပြန်လွှတ်ပေးရေးနဲ့ ရွာသားတွေကို အကြမ်းဖက်သူတွေကို ဖော်ထုတ်ပေးရေး၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေးတို့ကို တောင်းဆိုတာပါ၊ ရဲက အင်အားသုံး တားမြစ်တာပါ။” လို့ ဆိုပါတယ်။

ဒါပေမယ့် ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေက တားမြစ်ပြီး စည်းကျော်ရင် ပစ်မယ်လို့ ပြောတာကြောင့် နောက်ကြောင်းပြန်လှည့်ပြီး တုံရွာထိပ်က ဇရမ်မှာ စုရုံးပြီး ဟောပြောပွဲလုပ်နေကြပါတယ်။

မိတ္ထီလာမှာ အကြမ်းဖက်မီးရှို့ဖျက်ဆီးသူတွေကို လက်ပိုက်ကြည့်နေတဲ့ရဲတပ်ဖွဲ့က ကိုယ့်လယ်မြေမှာ ကိုယ်ပြန်စိုက်ခွင့်ရဖို့ တောင်းဆိုသူတွေကို ပုဒ်မ ၁၄၄ ထုတ်ထားတဲ့နေရာမှာ လူစုလူဝေးနဲ့ စုတယ်ဆိုပြီး ပစ်မိန့်ရထားပြီးပြီလို့ ပြောဆိုချက်ဟာ တရားဥပဒေအစစ်အမှန်လား ဆိုတာ ဆန္ဒပြခေါင်းဆောင် ကိုလတ်က မေးခွန်းထုတ်လိုက်ပါတယ်။

ဟောပြောပွဲမှာ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရွာသားတွေ အကြမ်းဖက်ခံရမယ့်ဘေးက ကာကွယ်ပေးဖို့ တောင်းဆိုဟောပြောနေပါတယ်။ ဒေသခံကိုယ်စားလှယ် မစန္ဒာရဲ့ မြန်မာစံတော်ချိန် လေးနာရီမှာ ပြောဆိုချက်ကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013