ပျဉ်းမနား အထက၂ ကျောင်းရှေ့ ဆိုင်ကယ်၂ စီး တိုက်
DVB
·
April 26, 2013
နေပြည်တော် ပျဉ်းမနားမြို့ ဗိုလ်ချုပ်လမ်း အ.ထ.က ၂ (ပျဉ်းမနား) ကျောင်းရှေ့မှာ ဒီနေ့ မနက် ၁၁ နာရီခန့်က လမ်းအမှန်မောင်းလာတဲ့ ဆိုင်ကယ်နဲ့ ယာဉ်စည်းကမ်းချိုးဖောက်ပြီး လမ်းပြောင်းပြန် အရှိန်နဲ့မောင်းလာတဲ့ ဆိုင်ကယ် ၂ စင်း တိုက်မိခဲ့ပါတယ်။
လမ်းပြောင်းပြန်မောင်းလာတဲ့ အမျိုးသား ဒဏ်ရာပြင်းထန်ကာ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို ပို့ထားပြီး လမ်းအမှန် မောင်းလာတဲ့ အမျိုးသမီးကတော့ ဒဏ်ရာအနည်းငယ် ရရှိကြောင်း သိရပါတယ်။
(သတင်းဓာတ်ပုံ - ဖိုးသား (ပျဉ်းမနား) Read more