ဘာစီလိုနာအသင်း ခြေစွမ်းတက်မှ လိဂ်ဖလား ရယူနိုင်မည်ဟု မက်ဆီပြော

ဓာတ်ပုံ - ဂတ်တီအင်းမေ့ချ်
584
ဘာစီလိုနာအသင်းအနေနဲ့ ခြေစွမ်းတိုးတက်မှု ရှိမလာရင် ချန်ပီယံလိဂ်ဆုဖလားကို ရယူနိုင်မှာ မဟုတ်ဘူးလို့ တိုက်စစ်မှူးမက်ဆီက ပြောလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲရပ်နားခြင်းမရှိသေးခင်က အသင်းရဲ့ခြေစွမ်းကို မက်ဆီက အားရကျေနပ်မှု မရှိဘဲ ဖြစ်နေတာပါ။
ဘာစီလိုနာအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၃ ပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး နာပိုလီနဲ့ သရေကျကာ ဆိုစီဒက်ကို အနိုင်ရခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ခြေစွမ်းအတိုင်းကစားမယ်ဆိုရင် ချန်ပီယံလိဂ်ဆုဖလားရနိုင်မှာ မဟုတ်ကြောင်း၊ အသင်းရဲ့လူစာရင်းက ပွဲတိုင်းကို အနိုင်ယူနိုင်တဲ့ အင်အားရှိပေမယ့် ခြေစွမ်းပိုင်းမှာ တော့ ပိုကောင်းလာဖို့ လိုအပ်ကြောင်း မက်ဆီက ပြောပါတယ်။
မက်ဆီရဲ့ သုံးသပ်ချက်ကြောင့် နည်းပြ ဆက်တီယန်နဲ့ အဆင်မပြေဖြစ်ခဲ့ပေမယ့် မနေ့ကလုပ်တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာတော့ သူတို့ ၂ ဦးကို အတူမြင်တွေ့ခဲ့ရပါတယ်။
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ နာပိုလီအသင်းနဲ့ ၁ ဂိုးစီ သရေကျထားပါတယ်။