မြန်မာ့ဆက်သွယ်ရေးက အကျိုးတူလုပ်ရန် ဖိတ်ခေါ်
DVB
·
April 26, 2013
မကြာခင် ကော်ပိုရေးရှင်းဖွဲ့ပြီး ဆက်သွယ်ရေးလုပ်ငန်းတွေကို စီးပွားဖြစ် လုပ်ကိုင်တော့မယ့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟာ သူနဲ့ အကျိုးတူ လုပ်ကိုင်လိုတဲ့ ကုမ္ပဏီတွေနဲ့ ဆွေးနွေး ညှိနှိုင်းဖို့ တရားဝင် ဖိတ်ခေါ်လိုက်ပါတယ်။
လာမယ့် ဧပြီ ၂၉ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံဖို့ ကမ်းလှမ်းထားပြီး စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေထဲမှာ ကုမ္ပဏီတခုကို ကိုယ်စားလှယ် ၂ ယောက် တက်နိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကုမ္ပဏီတွေနဲ့ တွေ့ဆုံတဲ့အခါ မြန်မာ့ဆက်သွယ်ရေးက လုပ်ကိုင်မယ့် လုပ်ငန်းတွေနဲ့ အကျိုးတူ ပူးပေါင်းနိုင်တဲ့ ကဏ္ဍတွေကို ချပြမယ်လို့ ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူ တယောက်က ဖြေပါတယ်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဟာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းတွေမှာ ပုဂ္ဂလိကကုမ္ပဏီ ၁၃ ခု အပါအ၀င် တပ်မတော်ပိုင် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့ပေမယ့် ပွင့်လင်းမြင်သာမှု မရှိဘူးလို့
ဝေဖန်ခံနေရပါတယ်။