Home
မြန်မာသတင်း
သောင်ရင်းမြစ်အတွင်း ရေဆင်းကူးသည့် အမျိုးသား ၁ ဦး ရေနစ်သေဆုံး
DVB
·
May 15, 2020
97054249_260847131724062_4691769729520500736_n
မြန်မာ- ထိုင်းနယ်စပ် မြဝတီမြို့ အမှတ်(၃)ရပ်ကွက်မှာ အမျိုးသား တစ်ဦး မေလ ၁၄ ရက် မနက် ၁၁ နာရီလောက်က   သောင်ရင်းမြစ်ထဲ ရေဆင်းကူးရာက ရေနစ်သေဆုံးသွားပါတယ်။  အဆိုပါ အမျိုးသားဟာ အဖော် နှစ်ဦးနဲ့အတူ  သောင်ရင်းမြစ်အတွင်း ရေအနက် ၇ ပေလောက်ရှိတဲ့  နေရာမှာ ငါးရှာဖမ်းဖို့ရည်ရွယ်ပြီး  ရေဆင်းကူးရာကနေ   ရေနစ်သွားတာဖြစ်ပြီး တွေ့မြင်ရသူတွေက  ဆယ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မတွေ့ရှိခဲ့ပါဘူး။ ရှာဖွေမတွေ့တဲ့အတွက်  ဌာနဆိုင်ရာ ရဲ၊ မီးသတ်တပ်ဖွဲ့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက မနေ့ မွန်းလွဲပိုင်း  ၂ နာရီလောက်မှာ ရေနစ်သူကို ရှာဖွေတွေ့ရှိသွားပါတယ်။  အသက် ၃၀ လောက်ရှိပြီဖြစ်တဲ့ ရေနစ်သေဆုံးသူ အမျိုးသားကို မြဝတီမြို့ ပြည်သူ့ဆေးရုံကို သယ်ဆောင်သွားပြီး ဓမ္မတာအတိုင်း သေဆုံးတာဟုတ်မဟုတ် ရဲတပ်ဖွဲ့က စစ်ဆေးပြီးမှ မီးသင်္ဂြိုလ်မှာ ဖြစ်ပါတယ်။   မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်မှာ  မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ကာလမှာ ရေဆင်းကူးသူတွေ မကြာခဏ ရေနစ်သေဆုံးလေ့ရှိပါတယ်။ အခု ၂၀၂၀ ပြည့်နှစ်အတွင်းမှာတော့ သောင်ရင်းမြစ်ထဲမှာ ပထမဆုံးရေနစ်သေဆုံးမှု ဖြစ်ပါတယ်။ ဖိုးစီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024