Home
မြန်မာသတင်း
COVID-19 ကြောင့် စားသောက်ဆိုင်လုပ်ငန်းစုများ ရပ်တည်ရခက်ခဲလာ
ဇေယျာချမ်းအေး
·
May 15, 2020
COVID-19 ကြောင့် စားသောက်ဆိုင်လုပ်ငန်းစုတွေ ရပ်တည်ရခက်ခဲလာပြီး ဝန်ထမ်းလခ ပုံမှန်ပေးနိုင်ဖို့တောင် ရုန်းကန်နေရတယ်လို့ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။  COVID-19 ကြောင့် ရန်ကုန်မြို့က စားသောက်ဆိုင်လုပ်ငန်းစုတွေဟာ လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက ဆိုင်တွေ ပိတ်ထားရတာပါ။  စားသောက်ဆိုင်လုပ်ငန်းစုတွေဟာ ဆိုင်ခွဲတွေ အများအပြားဖွင့်ထားပြီး ဝန်ထမ်းရာနဲ့ချီ ပြီးခန့်ထားရတာတဲ့အတွက် ဝန်ထမ်းတွေ စားသောက်စရိတ်၊ ဆိုင်ငှားရမ်းခစရိတ်တွေကို အများအပြားသုံး စွဲရပါတယ်။  ရေရှည်ဒီပုံစံအတိုင်းဆက်သွားမယ်ဆိုရင် ဝန်ထမ်းတွေအတွက် ပိုစိုးရိမ်စရာဖြစ်တယ်လို့ မြန်မာ နိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။ Feel စားသောက်ဆိုင်လုပ်ငန်းမှ ဦးစိုးညီညီက ရပ်ကွက်တွေထဲက လက်ဖက်ရည်ဆိုင် ထမင်းဆိုင်တွေဟာ အရောင်းအဝယ်မရှိသလောက် နည်းပါးပြီး ပါဆယ်အနည်းငယ်သာ ရောင်းရတဲ့အတွက် ဆိုင်လခပုံမှန်ပေးဖို့ အခက်အခဲရှိနေတာကြောင့် ရေရှည် ဒီအတိုင်းဆက်သွားပါက ဆိုင်အပြီးပိတ်ရလိမ့်မယ်လို့ ပြောပါတယ်။ အင်းစိန်မြို့နယ် ဆယ်မိုင်ကုန်းရှိ ငွေရလက်ဖက်ရည်ဆိုင်ရှင် ကိုစည်သူက တချို့ဆိုင်တွေဟာ အရင်းအတွက် ငွေကို အတိုးနဲ့ချေးပြီး ဆိုင်ဖွင့်နေရတာဖြစ်တဲ့အတွက် အကြွေးတွေတင်နေပြီး ဆိုင်ပိတ်ရမဲ့အခြေအနေ ဖြစ်နေတယ်လို့ ပြောပါတယ်။   အစိုးရကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အိမ်မှနေထိုင်ဖို့ Stay at Home ကာလကို မေလ ၁၅ ရက်နေ့အထိ သတ်မှတ်ထားရာကနေ မေလကုန်အထိ ရက်တိုးမြှင့်သတ်မှတ်လိုက် ပါတယ်။  ရောဂါအခြေအနေအရ ရက်တိုးမြှင့်သတ်မှတ်တာ ဖြစ်ပေမယ့် အခြေခံလူတန်းစားတွေနဲ့ အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေအတွက်ကတော့ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024