ဥရောပရုပ်ရှင်ပွဲတော် အွန်လိုင်းက ကျင်းပမည်၊ ဆုရရုပ်ရှင်ကား ၁၀ ကား အွန်လိုင်းတွင် ကြည့်ရှုနိုင်

       မြန်မာနိုင်ငံမှာ နှစ်စဉ်ကျင်းပနေကျ ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ ဥရောပရုပ်ရှင်ပွဲတော်ကို အွန်လိုင်းရုပ်ရှင်ပွဲတော်အနေနဲ့ ကျင်းပသွားမယ်လို့ European Film Festival Myanmar ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှတဆင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။        ဒီပွဲတော်ကို ပုံမှန်အားဖြင့်တော့ ရုပ်ရှင်ရုံတွေမှာ ကျင်းပနေကျဖြစ်ပေမယ့် အခုနှစ်မှာတော့ လတ်တလော COVID-19 ကပ်ရောဂါအန္တရာယ်ကြောင့် လူစုလူဝေး နဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေကို ရှောင်ကြဉ်ကြဖို့နဲ့ ရုပ်ရှင်ရုံတွေ အပါအဝင် အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေကို ပိတ်ထားခဲ့ရတာမို့ ခုလိုကျင်းပဖို့ ဖြစ်လာခဲ့တာပါ။        ပွဲတော်ကာလကိုတော့ မေလ ၁၈ ရက်နေ့ကနေ ဇွန်လ ၁၈ ရက်နေ့အထိ သတ်မှတ်ထားပြီး ရုပ်ရှင်ပရိသတ်တွေအနေနဲ့ ဆုရရုပ်ရှင်ကား ၁၀ ကားကို အခမဲ့ ကြည့်ရှုနိုင်ဖို့ စီစဉ်ပေးထားပါတယ်။        ရုပ်ရှင်ကြည့်ရှုလိုသူတွေအနေနဲ့ https://bit.ly/2T4rUgA လင့်ခ်ကနေတဆင့် မိမိတို့ရဲ့ အမည်၊ အီးမေးလ်လိပ်စာနဲ့ လက်ရှိနေထိုင်ရာ နိုင်ငံတွေကို ဖြည့်စွက်ပြီး ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up