
Lead Story နိုင်ငံတကာ သတင်း အားကစား
ချဲလ်ဆီးအသင်းက ဂျော်ဂျင်ဟိုကို ဂျုဗင်တပ်ထံရောင်းချပြီး ပီယာနစ်ကို ပြန်ကမ်းလှမ်းမည်

Email This Story :
ချဲလ်ဆီးအသင်းဟာ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ဂျူဗင်တပ်အသင်းဆီရောင်းချပြီး ပီယာနစ်ကို ပြန်လည်ခေါ်ယူဖို့ ကမ်းလှမ်းမယ်လို့ သိရပါတယ်။
စကိုင်းစပေါ့ အီတလီရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်နည်းပြ ဆာရီဟာ အသင်းဟောင်းချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ ဆန္ဒရှိနေတာပါ။
နည်းပြ ဆာရီနဲ့ ဂျော်ဂျင်ဟိုတို့ဟာ နာပိုလီအသင်းမှာကတည်းက အတူ လက်တွဲခဲ့ကြသူတွေဖြစ်ပါတယ်။
ဘော့စနီးယားကွင်းလယ်လူ ပီယာနစ်ဟာ ဂျူဗင်တပ်အသင်းမှာ ခြေစွမ်းပြနေသူဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။