DVB Logo
Home
မြန်မာသတင်း
ကေအန်ပီပီအဖွဲ့ ကယားလူထုနှင့် တွေ့ဆုံဆွေးနွေး
DVB
·
April 25, 2013
Donate to DVB

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)နဲ့ အစိုးရတို့ အပစ်ရပ် လက်မှတ်ရေးထိုးပြီး ၁ နှစ်ကျော်အကြာ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကာလအတွင်း ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် မဆွေးနွေးခင်မှာ ကေအန်ပီပီ ကိုယ်စားလှယ်တွေက ကယားပြည်နယ် ဒေသခံလူထုနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

လူထုနဲ့တွေ့ဆုံရတဲ့ အဓိကရည်ရွယ်ချက် ၃ ချက်နဲ့ပတ်သက်ပြီး ကေအန်ပီပီကိုယ်စားလှယ် ဆရာရွှေမျိုးသန့်က “ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်နေတဲ့ကာလအတွင်းမှာ ပြည်သူလူထုတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ချပြပေးချင်တယ်။ ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ ကာလအတွင်းမှာ ပြည်သူလူထုတွေကို ပူးပေါင်းပါဝင်စေချင်တယ်။ ပြီးတော့ လူထုရဲ့ပူးပေါင်းပါဝင်မှုကိုလည်း သိချင်တယ်" လို့ ပြောပါတယ်။

ပထမဦးဆုံး ဒီမောဆိုးမြို့နယ် လွီးကထိကျေးရွာ တွေ့ဆုံဆွေးနွေးပွဲမှာ ဒေသခံတဦးက "အောက်ခြေလွတ်သွားတဲ့ ခေါင်းဆောင်တွေရှိတယ်။ ပြည်သူတွေ အပေါ်မှာ မတရားတဲ့ စီရင်မှုတွေလည်း ကျနော်တို့ တွေ့ရတယ်။ နောက်ပြီး ပြည်သူလူထုကို အဖွဲ့အစည်းရဲ့ နာမည်တလုံးကို သုံးပြီး အာဏာသုံးတဲ့ အဖွဲ့အစည်းတွေကို လည်း မြင်ခဲ့ကြရပါတယ်။ ပြည်သူလူထုအပေါ်မှာ မျက်နှာလိုက်ပြီးတော့မှ တဖက်သတ် ရပ်တည်တာကိုလည်း ကျနော်တို့ မြင်ခဲ့ရတယ်၊ တွေ့ခဲ့ရတယ်။ ဒါတွေပပျောက်ဖို့အတွက်နဲ့ မရှိဖို့ အတွက် ဆောင်ရွက်ပေးဖို့ တင်ပြချင်ပါတယ်။"

ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲကို မေလအတွင်း လျာထားပြီး ပထမအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာ မပြီးပြတ်သေးတဲ့ တပ်ကိစ္စတွေ ထပ်မံ ဆွေးနွေးသွားဖို့ ကြိုပြင်ထားတယ်လို့ ဆရာ ရွှေမျိုးသန့်က ပြောပါတယ်။

"ပြီးခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာ အရေးပါတဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ မချရသေးတဲ့အတွက် အဲဒါကြောင့် တပ်ကို ခိုင်မာအောင် ဘယ်လိုတည်ဆောက်မလဲ စတဲ့ သဘောတူညီချက်ကို ယူပြီးတော့ အကောင်အထည်ဖော် ပြုလုပ်သွားမယ်။"

ဒီမောဆိုးမြို့ လူထုနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ကေအန်ပီပီ အတွင်းရေးမှူး ၁ ခူဦးရယ်က ကရင်နီအမျိုးသား တိုးတက်ရေးပါတီရဲ့ ခံယူချက်၊ မူဝါဒနဲ့ နောက်ခံသမိုင်းကြောင်းတွေကို ချပြ ဆွေးနွေးသွားပါတယ်။

ဒီမောဆိုးဒေသခံ ဦးကော်ရီက အခုလို တွေ့ဆုံဆွေးနွေးတာဟာ လူထုနဲ့ ပိုမို ရင်းနှီးစေတယ်လို့ ဆိုပါတယ်။
"ကျနော်မြင်တာကတော့ ပြည်သူလူထုတွေနဲ့ ပိုရင်းနှီးလာမယ်။ ငြိမ်းချမ်းရေး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့လည်း လူထုတွေလည်း အဲလိုဆန္ဒရှိတယ်။"

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013