ဂျာမန်လိဂ်တွင် ကစားသမား ၅ ဦးအထိ လူစားလဲလှယ်ခွင့်ရမည်

720
ဂျာမန်ဘွန်ဒက်စ်လီဂါအသင်းတွေအနေနဲ့ ကစားသမား ၅ ဦးအထိ လူစားလဲလှယ်ခွင့်ရရှိမယ်လို့ သိရပါတယ်။
ဘွန်ဒက်စ်လီဂါပွဲစဉ် ၂၆ ကို အခုတပတ်စနေနေ့ ပြန်လည်စတင်တော့မှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားခဲ့ရပြီးနောက် ပထမဆုံးပြန်လည်ကျင်းပနိုင်ခဲ့တဲ့ ဥရောပလိဂ်ပြိုင်ပွဲ ဖြစ်လာမှာပါ။
ကိုလုံးအသင်းက ကစားသမား ၃ ဦးမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပေမယ့်လည်း သူတို့ကို သီးသန့်ထားရှိပြီး ပြန်လည်စတင်ဖို့ ဆက်လက်ဆုံးဖြတ်ခဲ့ပါတယ်။
ပွဲစဉ်အားလုံးကို ပရိသတ်မပါဘဲ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ သံသယရှိတဲ့ ကွင်းတွေ ရှိခဲ့ပါက ကွင်းပြောင်း ကစားဖို့ရှိပါတယ်။
ပွဲစဉ်တပွဲကို ပုံမှန်လူစားလဲခွင့်ရှိတဲ့ ၃ ဦးအစား ပွဲပန်းမှုမရှိစေဖို့ ၅ ဦးအထိ လူစားလဲခွင့်ပြုမှာပါ။
ဒီတပတ်ပွဲစဉ်တွေမှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်က ယူနီယံဘာလင်နဲ့ တနင်္ဂနွေနေ့ အဝေးကွင်းပွဲကစားရမှာပါ။
စနေည အစောဆုံးပွဲစဉ်တွေအဖြစ် ဒေါ့မွန်နဲ့ ရှော်ကေး၊ လိုက်ဇစ်နဲ့ ဖရိုင်ဘက်၊ ဖရန့်ဖက်သ်နဲ့ မိုချန်ဂလာဘက် ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။